Cyproheptadine ဆိုက်ပရိုဟက်ပတာဒင်း

ပုံထဲကဆေးအကြောင်းလေး သိချင်လို့ပါ ဆရာ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါရှင့်။ စားဝင်အိပ်ပျော်တဲ့ဆေးလို့ပဲ သိထားပါတယ်။ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်။

Cyproheptadine ဆေးဟာ အင်တီဟစ်တမင်းအမျိုးအစားဖြစ်တယ် အလာဂျီအတွက်သုံးပါတယ်။ Post-traumatic stress disorder ခေါ်တဲ့ ထိခိုက်မှုအကြီးအကျယ်ဖြစ်ပြီးနောက်မှာဖြစ်တတ်တဲ့ Nightmares ခေါ်တဲ့ အိပ်မက်ဆိုးရောဂါ အတွက်လဲ ထိရောက်ပါတယ်။ ကလေးတွေမှာ Migraine မိုင်ဂရင်း ခေါင်းကိုက်-ခေါင်းမူးရောဂါဖြစ်တာကိုလဲ ပေးပါတယ်။ SSRI-induced sexual dysfunction စိတ်မကျဆေးကနေဆက်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အားနည်းသူတွေကိုလည်း ပေးနိုင်တယ်။ Drug-induced hyperhidrosis ခေါ်တဲ့ ဆေးကြောင့် ချွေးထွက်လွန်ကဲတာလဲ ပေးတယ်။ Cyclical vomiting syndrome အန်တဲ့ရောဂါလဲပေးတယ်။ ရက်တိုပေးရင်စားချင်စိတ်ကဲစေမယ်။ ကိုယ်အလေးချိန်တက်လာမယ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ အိပ်ချင်မယ်၊ ခေါင်းမူးတယ်၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းမယ်၊ စိတ်ရှုတ်ထွေးမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ စိတ်လှုပ်ရှားမယ်၊ စိတ်ပူပင်မယ်၊ လက်တုံမယ်၊ စိတ်တိုမယ်၊ အိပ်မရဖြစ်မယ်၊ ထုံ-ကျင်မယ်၊ အာရုံကြောရောင်မယ်၊ တက်မယ်၊ အကောင်းလို့ထင်မြင်နေမယ်၊ သူများမမြင်မကြားတာတွေမြင်ကြားနေမယ်၊ ဟစ်တီးရီးယား စိတ်အခြေအနေမျိုးဖြစ်မယ်၊ သတိလက်လွတ်ဖြစ်မယ်၊ နေရောင်မခံနိုင်၊ အမူးရောဂါ၊ နားထဲအသံမည်၊ သွေးဖိအားကျ၊ ရင်တုန်၊ မစားချင်၊ ပျို့၊ အန်၊ ဝမ်းပျက်။

အစာမစားချင်ဖြစ်နေရင်ပေးလေ့ရှိတဲ့ Cypon syrup ဆိုက်ပွန် ဆေးရည်ကိုလည်း ရေးထားပါတယ်။ FDA အမေရိကန် အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ အထူးသတိပေးချက်တခုကို ၉-၁ဝ-၂ဝဝ၈ နေ့က ထုတ်ထားတယ်။ သူတို့ဆီမှာ Periactin နာမည်နဲ့ရောင်းတယ်။

ဘေးထွက်သက်ရောက်မှုတွေကို စာရင်းသာချရေးတာပါ လိုအပ်ရင် ရက်တိုပေးနိုင်ပါတယ်။ အစာစာချင်စိတ်ပိုမယ်။ လူဝလာမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၄
၁၄-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး