Fleur Pellerin စာမဖတ်တဲ့ ဝန်ကြီး

ဘောလုံးပွဲသတင်းကိုနောက်ခံထားပြီး ရေးချင်တာလေး ရေးပါရစေ။ ကြော်ငြာဝင်တာလို့လည်း ပြောကြတယ်။ ပွဲလန့်တုန်း ဖျာခင်းတာတော့ မဟုတ်ပါ။

လွန်ခဲ့တဲ့လေးနှစ်က ပြုပြင်ပြောင်းလဲမှုကိုဦးတည်ဘို့ဆိုပြီး တက်လာတဲ့ ပြင်သစ်အစိုးရမှာ ယဉ်ကျေးမှုဝန်ကြီးဖြစ်လာတဲ့ Fleur Pellerin ဖလူယာ ပယ်လာရင်ကနေ Canal+ တီဗွီအင်တာဗျူးမှာ အမှတ်မထင်ဝန်ခံချက်တခုလုပ်လိုက်တော့ တိုင်းမ်မဂ္ဂဇင်းက နမူနာစကားစုအဖြစ် ကိုးကာတာထဲမှာ ပါလာတယ်။

ကျမ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ စာတအုပ်မှမဖတ်ဖြစ်ဘူးရှင့်။

ဗြိတိသျှကျန်းမာရေးဝန်ကြီးကလဲ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဆေးရုံကိုမရောက်တာအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့လို့ပြောတာလဲ ထော်လော်ကန့်လန့်ဖြစ်တယ်လို့ရေးကြတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက တင့်ကားတွေနဲ့ လမ်းပြဒုံးပျံတွေကို စိတ်မဝင်စားဘူးလို့ပြောလိုက်တာကလဲ တကယ်ကိုပြောစရာဖြစ်ပါသေးတယ်။

ပြင်သစ်ယဉ်ကျေးမှုနဲ့ဆက်သွယ်ရေးဝန်ကြီးအပြောက ပိုပြီးထောက်စရာဖြစ်သွားကတော့ သူမကို ၂ဝ၁၄ စာပေနိုဗယ်ဆု ရလိုက်တဲ့ ပြင်သစ် ဝတ္ထုရေးဆရာ Patrick Modiano ပက်ထရစ် မိုဒီယာနိုရေးတဲ့စာအုပ်ထဲက ကောက်နုတ်ချက်တခု မေးတာကို မဖြေနိုင်ရာကနေ အဲလိုပြောထွက်သွားတာပါ။

သူမရဲ့ရိုးသားမှုကို ချီးကျူးချင်သူတွေရှိမှာပါ။ ဒါပေမဲ့ ပြင်သစ်စာရေးဆရာ နိုဗယ်ဆုရစဉ်က တွစ်တာကနေ မိုဒီယာနိုရဲ့ ဝတ္ထုစာအုပ်နဲ့ ဆိုဖါပေါ်မှာထိုင်ရတဲ့အရသာထက် ကောင်းတာမရှိဘူးဆိုပြီး ချီးကျူးခဲ့တာကိုတော့ သိတဲ့သူသာ သိပါတယ်။ ဒါကြောင့် မစ္စ ပယ်လာရင်ကို ဝန်ကြီးမခန့်ခင် Astérix အက်စ်စတားရစ်စ်ကာတွန်းစာအုပ်ကလွဲရင် ဘာဖတ်ဖူးသလဲလို့ မေးသင့်တယ်ဆိုပြီး မီဒီယာတွေကနေ ကလောကြပါတော့တယ်။

မြန်မာပြည်မှာ စာဖတ်ကြတယ်ထင်ပါတယ်။ အဲ့ စာအုပ် ၉ဝ% ဟာ ပလီပြီးပြင်ထားတဲ့ ပေါ်လစီသတ်ပုံတွေနဲ့။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး