Work and Word အလုပ်မဖြစ်ပါ

တယောက်ပြောတာကို ထပ်ချည်းတလည်းပြောနေကြတဲ့စကားလုံးတွေကိုဖတ်ရတာ အီနောက်လာကြောင်း ရေးပါတယ်။ အရွေ့တဲ့၊ ပြိုင်တူတွန်းလျင်ရွေ့တဲ့၊ ပြောင်းချိန်တန်တဲ့။

စတစ်ကာတွေ အီမိုကွန်တွေ တယောက်လာလည်းဒါ။ တယောက်လာလည်းဒါ။ လာတင်ရင် ဖျက်ပါတယ်။

အရင်ကသတ်ပုံအမှန်ကို အမှားလုပ်လာခဲ့တယ်လို့ထောက်ပြတော့ ပြောင်းချိန်တန်ပြီတဲ။ ပြောတဲ့သူက အမှားသစ်ကို သုံးချိန်တန်ပြီတဲ့။

ရူပဗေဒသင်တော့ အရွေ့တို့ အရှိန်တို့နဲ့စခဲ့ရတယ်။ နေရာအရွေ့မရှိပဲ အလုပ်ဆိုတာမဖြစ်တဲ့။

အီနောက်နေတဲ့စကားစုတခု မနေ့က လူပြောခံရအများဆုံး မိန့်ခွန်းတခုမှာပါလာပြန်တယ်။

အသုံးပြုတဲ့ စွမ်းအားကြောင့် လားရာတူကို ရွေ့လျားခြင်းရှိမှသာ အဲဒီအားထုတ်မှုကို အလုပ်လို့ခေါ်တယ်။

ဝေါဟာရနိုင်ငံရေးနဲ့တော့ အလုပ်မဖြစ်ပါ။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး