Aspiring gentleman လူကြီးလူကောင်း

ပို့စ်တခု = Khun Saing ထောင်ဝင်စာကို သူများအခန်းမှာထား အကုန်မျှကျွေးတဲ့ လူကြီးလူကောင်း အရပ်သားတယောက် သမတဖြစ်လာတော့မယ် ပျော်မိ ကျေနပ်ဝမ်းသာမိပါတယ်။

ဟုတ့့် အရပ်သားတော့ ထားပါတော့၊ လူကြီးလူကောင်းဆိုတဲ့အသုံးကို မဖတ်ရ မကြားရတာ အတော်ကြီးကိုကြာပြီ။ နှစ်ခါသုံးခါ ထပ်ဖတ်မိပါတယ်။

ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရကာစမှာ (ဂျင်းတဲလ်မင်း) ဆိုရင် လူကြီးလူကောင်းလို့ ဘာသာပြန်တယ်။ ဗိုလ်ဆန်လို့ ဟန်တယ်မထင်ခဲ့ပါ။

ဗခက နေဝင်းက လူကောင်း-လူတော် အဓိပ္ပါယ်သစ်ဖွင့်တယ်။ စစ်အစိုးရတွေတက်လေကတည်းက လူကြီးနဲ့ လူကြီးသားသမီးလို့သာရှိတယ်။

သားကောင်းသမီးကောင်းနဲ့ လူကြီးလူကောင်းခေတ်ကို ပြန်ရောက်အောင်တော့ ဝိုင်းပြီးကြိုးပမ်းကြရမယ်။

Aspiring = Directing one's hopes or ambitions toward becoming a specified type of person.

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး