Verbal Communication နှုတ်မှုရေးရာ

ရခိုင်ကနေ ပြည်နယ်အစိုးရတွေထဲမှာ ပါဝင်ရေး၊ NLD အစိုးရသစ်နဲ့လက်တွဲရေးကိစ္စတွေကို မီဒီယာကနေတဆင့် ပြောတာတွေ ကြားရပါတယ်။ ရှမ်းကနေ အဲဒီအရေးအရာတွေကိုပြောတာလည်း ကြားရပါတယ်။

အဆင်တော့ မချောလှပါ။ ပြောဆိုတဲ့အသံချင်း မတူကြတာကိုတော့ အထူးသတိထားမိပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ စိတ်တော့ မပျက်ပါ။

ရှင်းရှင်းလာတာတွေတော့ ရှိရှိလာနေပါတယ်။ တိုင်းရင်းသားလို့ တစုတစည်းတည်းခေါ်ခဲ့ကြဖူးတယ်။ (၁၃၅) လို့လဲ ခွဲခြားတာရှိတယ်။ အပစ်ရပ်နဲ့ အပစ်မရပ်လို့လည်း ကွဲပြားလာတယ်။ လူမျိုးစုတခုတည်းကနေ မတူတဲ့ (အတော်ကို မတူခြားနားတဲ့) အသံကလည်း ကျယ်လောင်လှပါတယ်။

လူ-လူချင်း၊ အဖွဲ့-အဖွဲ့ချင်းဆက်ဆံရာမှာ နှုတ် (ဝစီကံမှု) ဟာ အလွန်တရာ အရေးပါတယ်။ စကားလုံးအသုံးအနှုန်း၊ လေသံ (တုန်း) တွေဟာ လူပုံအလယ်မှာ အထုပ်ဖြေပြရာကျတတ်တယ်။

၁။ နှုတ်နဲ့ဆက်သွယ်ရေး = မျက်နှာချင်းဆိုင်၊ တယ်လီဖုန်း၊ ရေဒီယို (သို့) တီဗွီ၊ တခြားမီဒီယာ၊ စသည်။
၂။ နှုတ်နဲ့မဟုတ်တဲ့ဆက်သွယ်ရေး =  ကိုယ်အမူအယာ၊ မျက်နှာအမူအယာ၊ ဝတ်စားဆင်ယင်မှု၊ အဖြစ်အပျက်တခု အပေါ်မှာဖေါ်ပြတဲ့လူနေဟန်၊ စသည်။
၃။ ရေးသားဆက်သွယ်ရေး = စာ၊ အီးမေးလ်၊ အင်တာနက်၊ စာအုပ်စာတမ်း၊ ထုတ်ပြန်ကြေညာချက်၊ စသည်။

နှုတ်နဲ့ဆက်သွယ်ရေးဟာ ၃၅%သာရှိပြီး၊ နှုတ်နဲ့မဟုတ်တဲ့ဆက်သွယ်ရေးက ၆၅% ရှိတယ်လို့ လေ့လာမှုတခုက ဆိုပါတယ်။ နှုတ်ကနေထုတ်မပြောတဲ့ ရင်ထဲကစကားရှိမှန်းလည်း သိကြရပါမယ်။

သုံးပွင့်ဆိုင်ထဲက တပွင့်တည်းမှာ အဲလိုကွဲပြားကြတာကို ထောက်ပြလို့ စိတ်မရှိပါနဲ့။ မြေပြင်မှာရှိတာကို သိရမယ်ဆိုတာနဲ့ မလုံလောက်ပါ။ ရင်ထဲမှာရှိတာကိုပါ အပြန်အလှန်သိကြမှသာ အမျိုးသားရင်ကြားစေ့ရေးဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ