A drop of water ပင်လယ်ရေတစက်

06/17/2015 1:31PM
အသက် ၃ဝ။ Result ရလာပြီး နားမလည်လို့ပါ။ အဲဒီ Result က ကောင်းတာလား၊ ဆိုးတာလားဆရာ။ ဒီ Result အတိုင်းဆို ကလေး ရနိုင်လား သိချင်လို့ပါ။

06/17/2015 11:27PM
မေးတဲ့သူမှာ သုက်ပိုးလှုတ်ရှားမှု ၂ဝ% သာရှိတယ်။ ပုံပန်းပုံမှန်ဖြစ်တယ်။
• သုက်ပိုး အနည်းဆုံး ၃ဝ% က ပုံမှန် Morphology ပုံသဏ္ဌာန်ရှိနေတာ ပုံမှန်ဖြစ်ရတယ်၊
• သုက်ပိုး အနည်းဆုံး ၂၅% က Motility အလျင်အမြန် ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။
• သုက်ပိုး အနည်းဆုံး ၅ဝ% က ရှေ့ဖက်ဆီကို နှေးချင်နှေးပါစေ ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။

Sperm count သုက်ပိုးများစေနည်းစာ ပို့လိုက်ပါတယ်။

06/18/2015 1:43AM
ရှင်းပြပေးလို့ ကျေးဇူးပါဆရာ။

03/23/2016
12:23PM
မင်္ဂလာပါဆရာ March 23rd, 0630LT မှာ သားဦးလေးမွေးဖွားပါပြီ။ ကိုယ်ဝန်မရမီ မေးခွန်းတွေဖြေပေးတဲ့အတွက်ရော၊ ကိုယ်ဝန်ဆောင်စဉ် ဖတ်ရူလေ့လာရတဲ့ ဆရာ့စာတွေအတွက်ရောကျေးဇူးပါ။ ဘယ်နေရာရောက်ရောက် အကျိုးပြုပေးချင်တဲ့ ဆရာ့စိတ်ဓာတ်ကို လေးစားလျှက်။ ခု သဘောင်္ပေါ်မှာမို့ Japan sea ထဲကနေ ကျေးဇူးတင်စကား ပါးလိုက်ရပါကြောင်း။

ဟုတ်၊ ပင်လယ်ထဲမှာ ရေတစက်ဖြည့်ပေးနိုင်လိုက်တယ်လို့ သဘောထားပါတယ်။ ဘယ်မှာနေနေ ကျန်းမာချမ်းသာပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး