HIV cure news (2) ပျောက်အောင်ကုနည်းသတင်း

ဆရာခင်ဗျာ သွေးအားနည်းတဲ့ လူနာကို သွေးသွင်းသကဲ့သို သွေးအားနည်းတဲ့ HIV လူနာကို သွေးသွင်းခြင်းအားဖြင့် သွေးအား (ခန္ဓာကိုယ် ခုခံအား) တဖန် ပြန်လည်ပြည့်စွမ်းနိုင်ပါသလား။ ကျွန်တော်မေးလိုသည်က ယခုလို သွေးလဲခြင်းဖြင့် အားပြန်လည်ပြည့်စွမ်းနိုင်သလားဟု မေးလိုခြင်းဖြစ်ပါသည်။ ဆရာဖြေကြားပေး၊ ဝေမျှပေးသော အသိပညာ၊ စာပေပညာများအတွက် လွန်စွာကျေးဇူးတင်အပ်ပါသည်။

HIV cure news အတည်မပြုနိုင်တဲ့ HIV ပျောက်ဆေးကို ရေးထားပါတယ်။ ဘာစီလိုနာ (စပိန်) မှာ HIV လူနာတယောက်ကို ဗီဇအရ HIV ခံနိုင်ရည်ရှိသူရဲ့ ချက်ကြိုးကသွေးကို ထုတ်ယူပြီး သွင်းပေးတယ်။ ပျောက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် လူနာက ကင်ဆာနဲ့ဆုံးသွားတယ်။ ဆေးကုနည်းတခုအဖြစ်လက်ခံကြတယ်။ နောက်သတင်းတခုမှာ မြွေဆိပ်ကနေထုတ်တဲ့ဆေးနဲ့ HIV ကုတယ်လို့ဆိုတယ်။ အဲဒီသတင်း ၂ ပုဒ်လုံးရဲ့ဝက်ဆိုက်တွေမှာ ဗိုင်းရပ်စ်ပါလို့ ကျွန်တော့်ကွန်ပြူတာ (အင်တီဗိုင်းရပ်စ်) စနစ်ကနေ လက်မခံပါ။

နောက်ပြီး မေးတဲ့သူပြောသလို သွေးအသစ်လဲတာနဲ့တော့ ခုခံအားပြန်မရစေနိုင်ပါ။ သွေးထဲမှာ သွေးနီဥ + သွေးဖြူဥ + သွေးမှုံ နဲ့ (ပလာစမာ) ခေါ် အရည်ရယ်လို့ပါတယ်။ အဲတာတွေအားလုံးမှာ သက်တမ်းတွေရှိတယ်။ ဥပမာ သွေးနီဥဟာ ရက်ပေါင်း ၁ဝဝ ကနေ ၁၂ဝ အထိသာရှင်တယ်။ အသစ်တွေအစာထိုးဝင်လာတယ်။ သွေးဖြူဥတွေက ၁၃ ရက်ကနေ ၂ဝ ရက်သာရှင်နေနိုင်တယ်။ သွေးမှုတွေက ၈-၉ ရက်သာရှိတယ်။

ခုခံအားဆိုတာ HIV/AIDS ဆိုရင် CD4 (cluster of differentiation 4) နဲ့တွဲမှတ်ကြရတယ်။ သူ့က Glycoprotein ဖြစ်တယ်။ ခုခံအားဆဲလ်ခေါ်တဲ့ T cells (T helper cells) တွေရဲ့မျက်နှာပြင်မှာရှိတယ်။ monocytes, macrophages နဲ့ dendritic cells တွေမှာလည်းရှိတယ်။

HIV infection ပိုးဝင်ခံရရင် CD4 ကိုအသုံးချပြီး T-cells ထဲကိုဝင်လာတယ်။ ကြာတော့ T cells တွေရော CD4 တွေပါ နည်းနည်းလာတယ်။ CD4 count အရေအတွက်ကို တိုင်တားစရာတခုအနေနဲ့သတ်မှတ်ထားတယ်။ ပုံမှန်သွေးထဲမှာ CD4 cells အရေအတွက် 500-1200 cells/mm3 ရှိတယ်။

အဲတာကြောင့် လူတယောက်မှာ ခုခံအားဆိုတာ သွေးဟောင်း သွေးသစ်က အရေးမပါပါ။ CD4 အရေအတွက်သာ အရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး