The best part of fish ငါးမြင်းဗိုက်သား စားကြသူများ

ဒီမှာ နိုင်ငံရေးကိုစိတ်ဝင်စားသူက နည်းလွန်းတယ်လို့ အရင်လည်းရေးခဲ့ဘူးတယ်။ စိတ်ဝင်စားလည်း အချိန်ကမရကြပါ။ ကျွန်တော့်မှာ နိုင်ငံရေးစကားပြောစရာ တယောက်စ နှစ်ယောက်စတော့ရှိလာပြီ။ တချို့ဆိုရင် အားတဲ့အခါ စားသောက်ဆိုင်ခေါ်ပြီး နိုင်ငံရေးသတင်းမေးကြတယ်။

ကနေ့လည်း မိုးဖွဲဖွဲကျနေတဲ့အထဲကလာခေါ်လို့ အနီးအနားကဆိုင်မှာ လက်ဖက်ရည်နဲ့ စမူဆာစားရင်း နိုင်ငံရေးစကား ပြောကြတယ်။ သူပြောလိုတာက များပါတယ်။ ကနေ့တော့ သူ့စိုးရိမ်ချက်ကို အဓိကပြာပြချင်လို့တဲ့။ ဗခမက စောမောင်ရဲ့ ဘဝနိဂုံးချုပ်ပုံကို ပြောပြတယ်။ သူက စစ်တပ်ထဲအမှုထမ်းခဲ့တဲ့သူပါ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေးအရေးကြီးပါတယ်။ ဗခမက မရှိလို့မဖြစ်ပါဆိုပြီး ရူးဆေးထိုးပေးခံရသတဲ့။

အာဏာလွှဲပြောင်းရေး ညစာစားပွဲအတွက် ကျွန်တော့်စကားပြောဖက်က အတော်ကိုစိုးရိမ်လို့ အဲတာကို သုံးခါလောက် ပြောတယ်။ ဆက်ပြောသေးတယ်၊ ဆေးကလည်း တရုပ်ကနေလာတာတဲ့။

သူက ဗဟုသုတမှာ ခေသူမဟုတ်ပါ။ ဗခမက သန်းရွှေ နေပြည်တော်ဆောက်တာဟာ ဆဒမ်ဟူစိန်လို ကြက်ကလေး ငှက်ကလေးဖမ်းသလို အဖမ်းမခံရအောင်လို့တဲ့။ မြန်မာပြည်အလယ်ပိုင်းက ရွှေကြောကြီးအကြောင်းလည်းပါတယ်။

ကျွန်တော့ လက်ဖက်ရည်ဒကာက တိုင်းရင်းသားပေမယ့် ဗမာစကားပြောတာမှာ ဥပမာတွေ ဥဒါဟရုဏ်တွေက ပါသေးတာ။ ငယ်ငယ်တုံးကသင်ရတဲ့ ယုန်နဲ့ ဖျံဟာ ငါးတကောင်ကို အညီအမျှမခွဲတတ်ကြတော့ မြေခွေးက ဝင်လာပြီး အမြီးကို မင်းကယူ။ ခေါင်းကို မင်းကယူ အလယ်သား ငါပဲစားမယ်လို့လုပ်သလိုပဲ အခုလည်း ဆင်းရကာနီးရက်တွေမှာ အလယ်သားချည်းစားနေကြသတဲ့။ သူကပြောတာပါ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၆
Photo from Danuphyu Daw Saw Yee (London) Blog

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ