Min မင်း

ကျွန်တော့်အဖြစ်က မင်းစာလုံးတွေနဲ့ဆက်စပ်တယ်။
အဖေ့ရွာ မင်းရွာမှာမွေးတယ်။
အမေ့ရွာက မင်းတိုင်ပင်၊ အမေ့ဘကြီး ကင်းဝန်မင်းကြီးဦးကောင်းလည်း မင်းတိုင်ပင်မှာမွေးပါတယ်။
ကျွန်တော်ကတော့ မင်းဘေးသင့်ခဲ့တဲ့ မင်းပြေး။

မင်းတိုင်းကျေလုပ်သူတွေနဲ့ မင်းမြှောင်စိုးကပ်တွေကိုတော့ အဝေးကမြင်ရတယ်။
မင်းချင်းခေါ်ရမယ့် ထောက်လှမ်းရေးဘေးက ပြေးခဲ့ရတယ်။
ဘယ်တော့မှလည်း မင်းဖြစ်မှာမဟုတ်ပါ။ မင်းခမ်းမင်းနား မတက်ဖူးပါ။ မင်းလောင်းမင်းလျာရွေးတာ မဲမပေးရပါ။

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး