Dregea volubilis ခွေးတောက်

(ဒေလီမှာနေစဉ်က ရေးတာပါ။)
• ကျွန်တော်နေတဲ့အရပ်မှာ ခွေးတောက်ပင်မရှိပါ။ အရင်နေခဲ့တဲ့နေရာတွေမှာလည်း အတော်ကိုရှားတယ်။
• ထိုင်း (မဲဆောက်) ကိုသွားတိုင်း တည်းခိုလေ့ရှိတဲ့ ဦးခွန်မားကိုဘန်း (ကယန်း ၁၉၉ဝ အမတ်) ရဲ့ အိမ်ခြံစည်းရိုးက ခွေးတောက်ပင်မှာ အရွက်လှနေချိန်ဆိုရင် ခူးချက်စားဖြစ်တယ်။ တနှစ်မှာ ၂-၃ ခေါက်ရောက်ခဲ့ရတဲ့ထိုင်းကို မသွားရတာ နှစ်တွေကြာသွားလို့ ခွေးတောက်ခါးလည်း မစားရတာကြာပြီ။
• ကနေ့တော့ ခွေးတောက်ရွက်ချက်စားရပါတယ်။ ပတ္တနား (ပါဋလိပုတ်) မြန်မာဘုန်းကြီးကျောင်းမှာရှိတဲ့ ခွေးတောက်ပင်ကနေခူးယူလာတဲ့ ဘုရားဖူးပြန်လာသူကနေပေးတဲ့ ခွေးတောက်ရွက်လက်ဆောင်ရလို့ပါ။
• ရှားတဲ့ခွေးတောက်၊ ခါးတဲ့ခွေးတောက်ရွက်ပေါရာ မြန်မာပြည်ကိုသာလွမ်းမိတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး