The hunter ဆန္ဒန်ဆင်မင်းဝတ္တု
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က နေပြည်တော်က ဆင်ဖြူရှင်ခန်းမမှာ ဒုသမ္မတလောင်းရွေးပွဲ ကျင်းပခဲ့တယ်။ ရွေးချယ်ခံရတဲ့ပုဂ္ဂိုလ်ဟာ စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ ၂ဝဝ၇ သံဃအရေးအခင်းကို နှိမ်နင်း ဖြိုခွင်းခဲ့သူဖြစ်နေတယ်။
ကျွန်တော်က မြားပစ်သူလို့ စာလေးတပုဒ်ရေးလိုက်တယ်။ ဇာတ်တော်တွေထဲမှာတော့ လေးပစ်သူက သောနုတ္တိုရ်ပါ။ မုဆိုးက အရင်ဆုံး ထောက်လှမ်းရေးနည်းတွေသုံးတယ်။ ကျောက်ဖြာကြီးအောက်မှာ နေရာယူတယ်။ ဆင်ဖြူတော် ဆန္ဒန်ဆင်မင်းက ကျောက်ဖြာကို ခွါနဲ့ရှပ်တော့မှ သင်္ကန်းကိုအရင်ပြပြီး သူ့အသက်ဘေးအတွက် အကာအကွယ်ယူတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း သင်္ကန်းအကာအကွယ်ယူသူတွေရှိခဲ့တယ်။
ဆန္ဒန်ဆင်မင်းကတော့ ဘုရားလောင်းဖြစ်တာမို့ မုဆိုးကိုလည်းမသတ်၊ သူ့အစွယ်ကိုပါ အဓိဋ္ဌာန်နဲ့ ဖြတ်ပေးတဲ့အပြင် သောနုတ္တိုရ် ၇ နှစ်၊ ၇ လ၊ ၇ ရက်လာခဲ့ရတဲ့ အလာခရီးကို ၇ ရက်နဲ့ပြန်ရောက်တဲ့လမ်းပါ ညွှန်ပေးလိုက်သေးတယ်။
ခုချိန်မှာသာ ဘုရားလောင်းရှိရင်တော့ မုဆိုးကို သူ့အိမ်သူမြန်မြန်အိမ်ပြန်ရောက်မဲ့လမ်းမျိုးကို ညွှန်ပေးပါလို့ အကူအညီ တောင်းရမှာပဲ။
ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၆

Comments
Post a Comment