Happy birthday ဆုနဲ့ စု

ကနေ့ တနင်္ဂနွေမှာ ဖိတ်ထားလို့ သွားစားကြတယ်။ ဖိတ်တဲ့သူက ဘာနေ့လိုပြောမထားပါ။ အဲတာနဲ့ မွေးနေ့ဆုတောင်းတာ မလုပ်ခဲ့ပါ။ ဆုဆိုတာ မတောင်းလည်း ရချင်ရတယ်။ တောင်းလည်း ရချင်မှရတယ်။ တချို့က ဆုတွေအရှည်ကြီးပေးရင် အားရတယ်။ တချို့ကတော့ လေကြောရှည်တယ်ထင်ကြတယ်။

ကျွန်တော်က လာကန်တော့သူတွေကို ပါးစပ်ကနေ အသံထွက်ပြီးဆုမပေးဖူးပါ။ အန်တီကို အာဏာကုန်လွှဲထားတယ်။

ကျွန်တော်အာရုံစိုက်တာက (စုတောင်း) လို့မှားရေးတာနဲ့ (ဆိုးရိမ်ရလား) လို့လွဲရေးတာမျိုးပါ။ စောစောကပဲတယောက် သူမေးတာမဖြေခင်မှာ ဆရာလုပ်လိုက်သေးတယ်။

ကနေ့ ဒံပေါက်ထမင်းနဲ့ ကြာဆံ (ကြာဇံ) ဟင်းကျွေးမွေးတဲ့မိသားစု စိုးရိမ်စရာတွေမရှိ လိုချင်တဲ့ဆုတွေ စုပြီးရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆

Comments