In Quest of Democracy ဒီမိုကရေစီရှာပုံတော် (၁)

သမ္မတသစ်နဲ့ ခေါင်းဆောင်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီးကြပြီ။ ဒေါ်အောင်ဆန်းစုကြည့်ရေးသားခဲ့တဲ့ Quest for Democracy ဒီမိုကရေစီရှာပုံတော် ဘာသာပြန်ထဲက ကောက်နှုတ်ချက်ကို တင်ပါရစေ။

မင်းမှာသစ္စာ လူမှာကတိဟူသော ဆိုရိုးစကားအရ သာမန်ပုဂ္ဂိုလ်တဦးအနေဖြင့် ၄င်းပေးခဲ့သောကတိအတိုင်း လုပ်ဆောင်ရုံမျှသာ လိုအပ်သော်လည်း အုပ်ချုပ်သူတို့မှာမူ ကာယကံ၊ ဝစီကံ၊ မနောကံ အရ သစ္စာတရားကို အစဉ် ထိန်းသိမ်း ထားကြရပါမည်။ သစ္စာတရားသည် ဗုဒ္ဓဘုရားအဆုံးအမသြဝါဒများ၏ အနှစ်သာရပင်ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်သည် မိမိကိုယ်မိမိ တထာဂတ သို့မဟုတ် သစ္စာတရားသို့ရောက်ရှိလာသည်ဟု ရည်ညွှန်းပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မင်းတို့သည် သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်ခြင်းတည်း ဟူသော သစ္စာတရားနှင့်အညီ နေထိုင်အုပ်ချုပ်ကြရမည်ဖြစ်ပါသည်။ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားမူ၊ အထင်မှားအမြင်မှား ဖြစ်စေမူ စသည်တို့သည် အလုပ်ဝတ္တရား ပျက်ကွက်ချွတ်ယွင်း၍ ကိုယ်ကျင့်တရားကို ဖောက်ဖျက်ခြင်းပင်ဖြစ်ပါသည်။

• မြားနှယ်စင်း၍၊ ဝမ်းတွင်းဖြောင့်တန်း၊
• မကောက်ယွင်းတည့်၊ တစွန်းဟက၊ နှစ်ခွမသွေ၊ (စတုဓမ္မသာရပျို့ )

အုပ်ချုပ်ရာ၌ စိတ်ထားနူးညံ့မှု (မဒဝြ) ဟူသည်မှာ ပြည်သူလူထုအကျိုးအတွက် စိုးရိမ် ပူပန်ကြောင့်ကြမှုကို ခံစားနိုင်သော သတ္တိပင်ဖြစ်ပါသည်။ မိမိတို့၏ အခွင့်အရေးကို တောင်းဆိုနိုင်စွမ်း အလွန်နည်းပါးနေသူတို့၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုခြင်းသည် ၄င်းတို့၏လိုအပ်ချက်ကို ထိရောက်စွာ တုံ့ပြန်အရေးယူလုပ်ဆောင်ပေးခြင်းထက် ပို၍ လွယ်ကူသည်မှာ မငြင်းနိုင်သောအချက်တခုပင်ဖြစ်ပါသည်။ သူတပါးကိုဂရုစိုက်ခြင်းသည် တာဝန်ယူခြင်းပင်ဖြစ်၍ အားနည်းသူတို့၏အားသည် မင်းဖြစ်သည်ဟူသောအဆိုအတိုင်း လုပ်ရဲခြင်းပင်ဖြစ်ပါသည်။

In Quest of Democracy ဒီမိုကရေစီရှာပုံတော် (၂)

သမ္မတသစ်နဲ့ ခေါင်းဆောင်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီးကြပြီ။ ဒေါ်အောင်ဆန်းစုကြည့်ရေးသားခဲ့တဲ့ Quest for Democracy ဒီမိုကရေစီရှာပုံတော် ဘာသာပြန်ထဲက ကောက်နှုတ်ချက်ကို တင်ပါရစေ။

အပြည်ပြည်ဆိုင်ရာပညာရှင်များက သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းအချက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာလေ့လာ၍ အသေးစိတ်အဖြေများကို ပေးထားပြီးဖြစ်ပါသည်။ မြန်မာပြည်သားတို့ကမူ ယင်းသို့သော ခေတ်မီပညာရပ်ဆိုင်ရာ အချက်အလက်များကို မရနိုင်သောကြောင့် တိုင်းပြည် ဆုတ်ယုတ်ပျက်စီးယိုယွင်းရခြင်း အကြောင်း၏ အဓိကအချက်ကို ရှာဖွေလေ့လာရာတွင် ဗုဒ္ဓဘုရား၏ဆုံးအမသြဝါဒများကိုသာ အားကိုးအားထားပြုကြရာ အကြောင်းရင်းလေးခုကို တွေ့ရပေသည်။
• ပျောက်လျင်မရှာ၊ ပျက်တာမပြင်၊ ဆင်ခြင်မသုံး၊
• အသုံးဟော့ရမ်း၊ လူ့ပေါက်ပန်းကို၊
• ရှေ့ တန်းမှာတင်၊ ဤလေးအင် မှန်ပင်ပျက်စီးကြောင်း။ (အဂုင်္တ္တရနိကာယစတုတ္ထနိပါကပါဠိတော်)

မိမိက ထင်သလို့ချေမှုန်းနိုင်သူများ၏လှုံ့ ဆော်ရန်စမှုနှင့် ချို့ယွင်းချက်များကို ပညာရှိပီသ၍ သဘောထားကြီးစွာ ကိုင်တွယ် နိုင်စေမည့် စစ်မှန်သောသည်းခံခြင်းတရား (ခန္တီ) ကို အုပ်ချုပ်မင်းလုပ်သူတို့ ကျင့်ကြံရမည်ဖြစ်ပါသည်။ အကြမ်းဖက်မူသည် ဗုဒ္ဓဝါဒ အဆုံးအမနှင့် ဆန့်ကျင်ဖက်ဖြစ်ပါသည်။

ရာဇောဝါဒဇာတ်တော်အရ မင်းကောင်း မင်းမြတ်တို့သည် -
• ဒေါသကြီးသူကို မေတ္တာနှင့် အောင်နိုင်၏။
• မကောင်းမှုကို ကောင်းမှုနှင့်အောင်နိုင်၏။
• စေးနဲခြင်းကို ပေးကမ်းခြင်းဖြင့်အောင်နိုင်ရာ၏။
• မမှန်စကားဆိုသူကိုအမှန်ဆိုခြင်းဖြင့်အောင်နိုင်ရာ၏၊

အကြမ်းမဖက်ဘဲ ကရုဏာတရားဖြင့် တိုင်းပြည်ကို အုပ်ချုပ်သူ အာသောကဘုရင်ကြီးကို စံပြဗုဒ္ဓဘာသာဘုရင်အဖြစ် မှတ်တမ်းနမူနာ ပြကြပါသည်။ အစိုးရသည် ကြမ်းတမ်းခက်ထန်ခြင်း သီလနှင့်မညီသော အင်အားသုံးခြင်းတို့ဖြင့် နာခံမူ ရအောင် ကြိုးစား အားထုတ်ခြင်းမပြုဘဲ၊ အမှန်တရားဖြင့် အောင်နိုင်ရန် (ဓမ္မဝိဇယ) ကိုသာ ဦးတည်ရမည် ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး