Moon eclipse လငပုပ်

ရန်ကုန်မြို့ကြီး လငပုပ်ဖမ်းတာကလွတ်ပြီလို့ မှတ်ယူပါလေ။

Lunar eclipses လကြပ်တာကို ဗမာတွေသာမက သူများတွေကလည်း မကောင်းတဲ့အလားအလာကို ဖေါ်ဆောင်စေတယ်လို့ ထင်မြင်ကြတယ်။ အမည်းရောင်စွမ်းအားကနေလုပ်တယ်လို့ ပုံပြင်တွေ အများကြီးရှိတယ်။ နော်ဝေဒဏ္ဍာရီထဲမှာ Skoll (စကိုးလ်) ခေါ်တဲ့ ကောင်းကင်ဝံပုလွေကြီးတကောင်နဲ့ သူ့ညီ Hati (ဟာတီ) တို့ကနေ နေမင်းကြီးနောက်ကိုလိုက်ကြတယ်။ တကောင်ကောင်က ဖမ်းမိရင် လငပုပ်ဖမ်းချိန်ဖြစ်တယ်။ တရုပ်ဒဏ္ဍာရီထဲမှာတော့ နဂါးကနေ လကိုစားဖို့ လိုက်ဖမ်းတယ်လို့ဆိုတယ်။

ရန်ကုန်မှာ လွန်ခဲ့တဲ့နှစ်တွေအတွင်းက ဖမ်းစားခံရတာတွေကနေ အခုတော့ လွတ်ပြီကျွတ်ပြီမဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး