Tonight ညဥ့်နက်ကိုဖြတ်သန်းခြင်း

ဆရာလက်ဖက်အကြော်စုံ စားလို့ကောင်းပါရဲ့လား။ အညာစားများ စားချင်လည်း ဆရာရန်ကုန်မှာ ဝယ်လို့ရတဲ့ဟာဆိုရင် ၄ လပိုင်းလောက် ပို့ပေးလို့ရပါတယ်။ ဆရာနှင့်မိသားစုကျန်းမာရွှင်လန်းပါစေ။

ပဲပုပ်ကြော်ကတော့ ကုန်တောင်သွားပြီ။ အားလုံးကကြိုက်ကြတယ်။ အန်တီက ပဲပုပ်နဲ့တည့်တယ်။ လက်ဖက်ခြောက်လည်း စမ်းသောက်ပြီးပြီ။ ကောင်းတယ်။

လက်ဖက်ပန်းကန်ရှေ့ရောက်နေတုံးမှာ ဒီမက်ဆေ့ခ်ျရတယ်။ ဆရာ ညစာစားပြီးပြီ။ ဆရာက လက်ဖက်စားရင် အကြော်စုံ မထည့်ပါ။ မိသားစုဝင်တွေက စားကြပါလိမ့်မယ်။ ဒီညမအိပ်ခင်ထိ ရေနွေးကြမ်းနဲ့ လက်ဖက်နဲ့ စခန်းသွားတယ်။

ပလောင်တောင်တက်၊ လက်ဖက်ရွက်၊ ရှမ်းကုန်းပြင်မြင့်ကထွက်၊ ရန်ကုန်ကနေ စင်္ကာပူကိုခရီးဆက်၊ အင်ဒီယာနာမှာ ညဉ့်နက်၊ စားတဲ့သူက ပို့ပေးသူကို ကျေးဇူးတင်လျှက်။

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၆
ည ၁ဝ နာရီ ၂ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး