Rubbish ပညာမပေးစာများ

သင်္ကြန်ကာလမှာ သတိထားရမယ့်ကော်ဖီထုပ်ပါ။ ယောင်လို့မသောက်မိစေနဲ့။ ဘဝပျက်သွားမယ်မှတ်လို့ ရေးထားတာ ဖတ်ရတယ်။ ကြည့်ထားကြပါ အဒေါ်၊ အန်တီ၊ မမ၊ ညီမတို့ဆင်ခြင်နော်လို့လည်း တင်တဲ့သူကရေးထားတယ်။

အဲတာကို ပညာပေးစာလေးရေးမလို့ ဂူဂယ်လ်မှာရှာတော့ Men’s coffee ပုံမှာတင်ကို ဗိုင်းရပ်စ်ပါလို့ ဆက်မဖွင့်ပါ။ (လင့်) အထိ မသွားရဲပါ။ ကြော်ငြာအလိုအရ ယောက်ျားသုံးသာဖြစ်လို့ သတိပေးစာမှာ ဘာအတွက် အမျိုးသမီးတွေကို သတိပေးသလည်း နားမလည်ပါ။

ပညာပေးစာတွေ ရေးကြတာ၊ အတော်ကိုအဆီအငေါ်မတည့်ပါ။ ခြောက်လှန့်ပြီးရေးနည်း၊ ဆွဲဆောင်ရေးနည်း၊ အဓိပ္ပါယ်မရှိရေးနည်းတွေက အကျိုးရှိစေမယ်လို့မထင်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)