In the near distance စိမ်းနေသေးတဲ့ ကျွန်တော်တို့မြေ

ရခိုင်ပြည်နယ်ထဲမှာ နေရာအများစုကိုအနိုင်ရခဲ့တဲ့ ရခိုင်ပါတီတွင်း သဘောထားကွဲလွဲမှုတွေကို နေ့တိုင်းလိုလို ကြားနေရတယ်။ စိတ်မကောင်းပါ။ အဲဒီပါတီကတာဝန်ရှိသူတချို့ကနေ NLD ပါတီအပေါ် ဝေဖန်တဲ့သတင်းတွေကိုလည်း ရွေးကောက်ပွဲကာလကတည်းက ကြားခဲ့ရတယ်။ အများစုဟာ တင်ကူးတွက်ဆပြီး ဝေဖန်တာတွေဖြစ်နေတယ်။

တိုင်းရင်းသားအရေးကိစ္စတိုင်းမှာ ကျွန်တော်လို ဗမာ၊ NLD ပါတီကလူတယောက်အနေနဲ့ ဝေဖန်ရတာမဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ အခုမှသာ မဟုတ်ပါ။ ၁၉၉ဝ နှစ်ကုန်မှာ ပြည်ပကိုထွက်လာကတည်းကဖြစ်ပါတယ်။ အများအားဖြင့် (အမြဲလိုလို) ကောင်းတယ်လို့မြင်တာကိုသာ ပြောထွက်ပါတယ်။

အဲလိုအနေအထားဟာ ကောင်းတာကနည်းနည်း၊ မကောင်းတာကများတယ်လို့ ထင်ပါတယ်။ ပြည်သူလူထုအမြင်မှာ တဖက်တည်းကအသံကိုသာ ကြားရတာများလို့ အနုတ်သဘောဆောင်တာကို ပိုစေတယ်။

ပြောမထွက်တာဟာ အားနာတာလည်းပါတယ်။ နားလည်မှုလွဲမှာ စိုးရိမ်မိတာလည်းပါတယ်။ လျှာခေါက်သွားမှာလည်း မဖြစ်ချင်ပါ။ လူငယ်တွေအချင်းချင်း လူမှုရေးမှာ ငြင်းခုန်စရာတခုရှိတာနဲ့ ရန်သူဖြစ်သွားချင်သလားလို့ မေးတာကို ကိုယ်တိုင်ကြားခဲ့ရတာ အကြိမ်ပေါင်းမနည်းလှပါ။

ကျွန်တော်တို့ စိမ်းနေကြသေးတယ်။

In the near distance = near; at or to a place or time not far away from; close to; close by; near to; not far from; nearside; nearness
1. a bomb that does not exactly hit the target
2. any attempt or shot that just fails to be successful
3. an incident in which two vehicles narrowly avoid collision
4. an event or action whose outcome is nearly a failure, success, disaster, etc.

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး