Thursday, March 24, 2016

Cancer scans reduce risky operations ကင်ဆာကို စကန်လုပ်ခြင်းဖြင့် ခွဲစိတ်ကုသရမှုကိုနည်းစေနိုင်

လွန်ခဲ့တဲ့ (၃) နာရီကထွက်လာတဲ့ ဗြိတိန်ဆေးပညာသတင်းဖြစ်ပါတယ်။ ဦးခေါင်းနဲ့လည်ပင်းကင်ဆာတွေကို ကင်ဆာဆေးနဲ့ ဓါတ်ကင်တာလုပ်ပြီးနောက်မှာ ခွဲစိတ်စစ်ဆေးရတတ်တယ်။ လူနာပေါင်း ၅၆၄ ယောက်ကို စကန်လုပ်တာနဲ့သိနိုင်လို့ ခွဲစိတ်စစ်ဆေးတာလုပ်ဖို့မလိုတော့ပါ။ အသက်ရှင်နှုန်းလည်း အပြောင်းအလဲမရှိတာ တွေ့ရတယ်။

ဆိုးဆေးတမျိုးထိုးပေးပြီးနောက် Positron emission tomography-computed tomography (PET-CT) စကန်နည်းနဲ့ ရိုက်ယူစစ်ဆေးပါတယ်။ ဆိုးဆေးကို ကင်ဆာတဆဲလ်တွေကစုပ်ယူတယ်။ သေနေတဲ့ဆဲလ်တွေထဲမှာ ကင်ဆာဆဲလ်တွေက ပုန်းအောင်းနေတတ်တယ်။ စကန်နည်းနဲ့တော့ မြင်နိုင်တယ်။

ခွဲစိတ်ရမယ်ဆိုရင် ၃ နာရီလောက်ကြာသေးတယ်။ ဆေးရုံမှာနေရချိန်နည်းမယ်။ နောက်ဆက်တွဲစိုးရိမ်စရာတွေလည်း မရှိတော့ပါ။

Birmingham and Warwick တက္ကသိုလ်တွေကနေလေ့လာမှုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲလို ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ ရှိသူ (၅) ယောက်မှာ (၁) ယောက်ခွဲစိတ်စစ်ဆေးဘို့လိုကြတယ်။ PET-CT scan နည်းကြောင့် လူနာတယောက်မှာ ကုန်ကျငွေ £1,492 သက်သာစေတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀