Naming နာမည်ပေး

ကလေးတွေပုံကို သူတို့နာမည်လေးတွေနဲ့တင်တိုင်း ဆရာကမှည့်ပေးတာလား မေးကြတယ်။ သားသမီးနာမည်တွေ အားလုံးကို ကျွန်တော်ကရွေးပေးတယ်။ တနင်္ဂနွေ၊ တနင်္လာ၊ မွေးရက်နဲ့တော့အံကိုက်ပေါ့။ မြေးတွေအတွက်လည်း ကျွန်တော်ကပဲ စရွေးပေးပြီး၊ ဆန်ခါတင်ရွေးတာတော့ သူတို့မိဘတွေက လုပ်ကြပါတယ်။ ကလေးအားလုံး နာမည်အဆုံးမှာ ကျွန်တော့်နာမည်ပါဖို့ရာ သမီးနဲ့တချို့မြေးမတွေနာမည်အတွက်တော့ ဆရာကတော်ကလုယူသွားတယ်။

သားသမီးတွေ = ဝဏ္ဏတင့်ဆွေ၊ ချမ်းမြတင့်ဆွေ၊ နန္ဒတင့်ဆွေ၊ နေမြမြဆွေ၊ ရာဇာတင့်ဆွေ။
မြေးတွေ = သဒ္ဓါတင့်ဆွေ၊ ပင်နီတင့်ဆွေ၊ တာရာတင့်ဆွေ၊ ဧကရီမြမြဆွေ၊ ဝိဇ္ဇာတင့်ဆွေ၊ ပညာတင့်ဆွေ။

သားသမီးနဲ့မြေးတွေသာမကပါ။ ဒေလီတုံးကပေါ့ ကျွန်တော့်ရုံးမှာလုပ်တဲ့သူ သူ့ကလေးမွေးတော့ နာမည်ပေးခိုင်းတယ်။ အဲတာ အလုပ်များလို့ ကြာနေပါရော။ သူများတွေက မင့်သားနာမည်ဘယ်သူလည်းမေးတော့ ဆရာက ရွေးတုံးလို့ဖြေတာနဲ့ အဲဒီကလေးနာမည် ရွေးတုံး ဖြစ်သွားရော။

ဒေလီတုံးကပါပဲ။ မြန်မာမိသားစုထဲကတယောက် နှစ်ယောက်စလုံး ၇ လနဲ့ မွေးတယ်။ ကျွန်တော့်ဆေးခန်းမှာပဲ။ အဲတာ အငယ်မလေးမွေးတော့ ကျွန်တော့်မြေးမအကြီးဆုံးက သွားကြည့်တာပေါ့။ ကလေးကသေးလွန်းတော့ ရေဗူးလောက်ပဲ ရှိတယ်ဆိုတာနဲ့ (ရေဗူး) လို့ တွင်သွားရော။ အခု မရေဗူးက အိုကလာဟိုးမားမြို့မှာ ကျောင်းတက်နေပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၅
ဓါတ်ပုံ = ၁၈-၉-၂ဝ၁၄ နေ့က အင်ဒီယာနာပိုးလစ်မြို့ကိုရောက်တဲ့ညကလေဆိပ်မှာ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး