Bullock cart doctor လှည်းဆရာဝန် မဲဆရာဝန်

၁။ Kyaw Aye ဟိုတစ်ချိန်တုံးကတော့ ဆရာ့အိမ်နဲ့တွဲလျှက် ဆရာ့ရဲ့ဆေးခန်းရှေ့ လမ်းဘေးဝဲယာမှာ နွားလှည်းတွေ တန်းစီလို့ပေါ့။ ၁၂ ပွဲဈေးလည်းမဟုတ်၊ ဇာတ်ပွဲလည်းမဟုတ်၊ ဘုရားပွဲလည်းမဟုတ်ပါဘူး။ ပေါင်းမိုးကိုယ်စီနဲ့ ဆရာ့ထံ အားကိုးတကြီး ဆေးလာကုသကြတဲ့ လူနာတင်လှည်းတွေပါ။ ဒီတုံးက ယခုခေတ်လို သွားလာစရာကားတွေ မရှိကြသေးဘူးလေ။ အဖေ့ကို ဆေးကုသဖို့လိုက်ပါသွားရင်း မြင်တွေ့ခဲ့ရတဲ့ ကျနော့်ရဲ့ငယ်ဘဝ အမှတ်တရ မြင်ကွင်းလေးပါ။ ကျနော်တို့အတွက်တော့ ဆရာဟာ မေ့မရတဲ့ တကယ့်ခွဲစိပ် ပါရဂူ ကယ်တင်ရှင်ကြီးပါပဲ။ ယခုတော့ အချိန်တွေလည်းပြောင်းပြီ။ အာဏာရှင်တွေလည်း ဂျောင်းပြီ။ ဆရာ့ဆေးခန်းလေးလည်း ဟောင်းပြီ။ ဆရာ မြန်မကြာ ပြန်လာပြင်သင့်ပြီ။

၂။ Nyo Htay Pale ဆရာ ၉ဝ ခုနှစ်စည်းရုံးရေးဆင်းစဉ်အခါကဆရာဟောခဲ့တာ အမှတ်ရလို့ပါ။

“ပြည်သူလူထုကြီးခင်ဗျား လူတယောက်အသက်ရှင်ဖို့အတွက်ဆိုရင် ခြေလက်အင်္ဂါ ဖြတ်တန်ဖြတ်ရပါတယ်ခင်ဗျာ။”

ဆရာ့ရဲ့အိမ်ဟာရုပ်ဝတ္ထုပါ။ ဆရာ့အသက်ခန္ဓာကတန်ဖိုးပိုကြီးပါတယ်ဆရာ။ ဆရာအိမ်ကိုပစ်ခဲ့တာ ဆရာ့ ဆုံးဖြတ်ချက်မှန်တယ်လို့ ကျနော်တေ့ ဒီလိုပဲမြင်တယ်ဆရာ။ မဟုတ်ရင်အာဏာရှင်တွေကဆရာ့ကို အဆုံးထိလုပ်ကြမှာ သေခြာတယ်ဆရာ။ ဆရာပြန်လာရင် အိမ်ကဖန်တည်းလို့ရပါတယ်ဆရာ။ ဆရာတို့ကိုမျှော်နေလျှက် ဆရာ့တပည့်။

၁၉၉ဝ ခုနှစ်တုန်းက လူရွယ်နှစ်ယောက်ရဲ့အမြင်ကို တင်လိုက်တာပါ။

ဓါတ်ပုံ = ၂၆-၁၂-၂ဝ၁၃ နေ့က ပုလဲမှာရှိတဲ့ ကျွန်တော့်အိမ်နဲ့ဆေးခန်းလေးရှေ့မြင်ကွင်း

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ