World Water Day ကမ္ဘာ့ရေနေ့ ၂ဝ၁၆
Water and jobs ရေနဲ့အလုပ်အကိုင်ဆိုတာ ၂၃-၃-၂ဝ၁၆ ကမ္ဘာ့ရေနေ့ရဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒီနှစ်မှာရေအတွက် လမ်းပြကူညီသူတွေကနေ လူတွေရဲ့ဘဝတွေကိုပြောင်းလဲစေဖို့ မျှော်မှန်းပါတယ်။ အလုပ်ဟူသမျှ အကုန်နီးပါးလောက် ရေနဲ့ဆက်စပ်နေပါတယ်။ ဒါပေမယ့် ကမ္ဘာ့အလုပ်သမားပေါင်း ၁့၅ သန်းတို့ဟာ ရေထဲမှာ လုပ်ကိုင်နေရပေမယ့် အခြေခံ အလုပ်သမားအခွင့်အရေးတွေကို ငြင်းပယ်ခံနေကြရတယ်။ အဲတာကိုပြောင်းလဲဖို့ လိုအပ်ပါတယ်။
World Water Day ကမ္ဘာ့ရေနေ့ ကို ၁၉၉၂ ကတည်းက United Nations Conference on Environment and Development ကုလသမဂ္ဂကွန်ဖရင့်ကနေ သတ်မှတ်ပေးခဲ့ပါတယ်။ ၂၂-၃-၁၉၉၃ နေ့ကနေစတင်ပါတယ်။
ရေနဲ့စွမ်းအင်ဟာ အပြန်အလှန်ဆက်စပ်နေကြပြီး အပြန်အလှန်လဲ တော်များများ မှီတည်နေကြပါတယ်။ တခုခုမှာ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ လုပ်ဆောင်ချက်တွေက နောက်တခုအပေါ် အနုတ်သဘောသက်ရောက်တာတွေကို နည်းစေနိုင်တယ်။ အနုတ်သဘောဖြစ်မှာတွေကို စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်မှသာ အဲဒီအပြန်အလှန်သဘောကို ကောင်းလာစေနိုင်ပါတယ်။ ရေနဲ့စွမ်းအင်ဟာ ဆင်းရဲ့မှုပပျောက်ရေးကို တိုက်ရိုက်သက်ရောက်စေနိုင်ပြီး၊ ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်တွေထဲက ရေရရှိရေး၊ သန့်ရှင်းရေး၊ ပါဝါနှင့် စွမ်းအင်ပင်ရင်းများကိုလဲ သွယ်ဝှိုက်ပြီး သက်ရောက်စေပါတယ်။ ရေနဲ့စွမ်းအင်ဟာ စီးပွါးရေးတိုးတက်ဘို့အတွက် ပူးတွဲထားတဲ့ အဟန့်အတားတွေလဲ ဖြစ်ကြတယ်။
၂ဝ၁၅ တာရှည်ခံဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များထဲမှာ ရေနဲ့စွမ်းအင်ကို လမ်လှမ်းမီနိုင်ရေး တိုးတက်လာဘို့ ဆိုတာကို ထည့်သွင်းဘို့အလားအလာရှိပါတယ်။ ကုလသမဂ္ဂ ရေဖွံ့ဖြိုးတိုးတက်ရေး ပဉ္စမမြောက် အစီရင်ခံစာကနေ အဆုံးအဖြတ် ပေးနိုင်သူတွေ၊ သက်ဆိုင်သူတွေ၊ ရွက်ဆောင်နေသူတွေကို အသိပေးဘို့ ရှိပါတယ်။ အပြန်အလှန်ချိတ်ဆက်နေမှု၊ တွဲဆက်နေမှုအလားအလာ၊ ဖြစ်သင့်တာတွေ၊ လုပ်သင့်တဲ့ စည်းမျဉ်း ကန့်သတ်မှုအခြေခံတွေ၊ ဦးစားပေမှုတွေ ပါရှိမှာဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ ကျယ်ပြန့်တဲ့ အဓိကနဲ့ ဖြစ်လာနေတဲ့ ဦးတည်လားရာတွေကို တကမ္ဘာလုံးက နမူနာတွေ ပါဝင်တယ်။ လားရာနဲ့ဆက်နေတဲ့ ရင်ဆိုင်စရာတွေလဲပါဝင်ပြီး အဆုံးအဖြတ်ပေးသူတွေကို သက်ရောက်မှုတွေနဲ့ ဆက်လုပ်ရမဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ဆောင်ရွက်စရာတွေလဲ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ရေမပြောနဲ့ ဆီကိုရေချိုး ဆေးရိုးမီးလှုံဆိုတဲ့ခေတ်ကနေ တရွေ့ရွေ့လျောကျပြီး ရေကိုတောင်မှ ဝယ်သောက်နေကြရပါပြီ။ မြစ်ရေကိုအားပြုပြီး အသက်မွေးဝမ်းပြုနေသူတွေမှာလဲ လုပ်ကွက်တွေ ကျဉ်းသထက် ကျဉ်းမြောင်း၊ ပျောက်ကွယ်လာနေပါတယ်။ တိုင်းပြည်ရဲ့ အသက်သွေးကြောလို့တင်စားတဲ့ ဧရာဝတီ၊ သံလွင်နဲ့ ချင်းတွင်းမြစ်ကြီးတွေကိုလဲ ရောင်းစားခံနေရပါပြီ။ တချိန်မှာ ကိုယ့်အိမ်ထဲ ကိုယ့်ဖါသာတူးထားတဲ့ရေတွင်းတွေကို အခွန်လာမကောက်ဘူး မပြောနိုင်ပါ။ စွမ်းအင်ဆိုတာတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့အရင်းအမြစ်ဆိုတာ သူများနိုင်ငံအတွက်သာ ဖြစ်နေရတဲ့ဘဝကို ရောက်လာနေပါပြီ။
ကျွန်တော် အိန္ဒိယကိုရောက်ကာစက တဖက်နိုင်ငံ နယ်စပ်ပြည်နယ်နေလူတွေက တချိန်တုံးက မြန်မာပြည်က (ဘီအိုစီ) ကို သူတို့လဲ အားကိုးခဲ့ရတဲ့ခေတ်ကို ပြန်ပြောကြတယ်။ အခုတော့ မြန်မာပြည်က ဓါတ်ငွေ့ပိုက်လိုင်းကြီးကို အားကိုးရတဲ့ နောက်ထပ်နိုင်ငံခြားသားတမျိုးခေတ် ရောက်နေပါပကောဗျာ။
ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၆

Comments
Post a Comment