Diplomat သံတမန်

Resistance Day speech တော်လှန်ရေးနေ့ ကာချုပ်မိန့်ခွန်း

Diplomat သံတမန်

အခုအစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးတာဝန်လည်းယူမယ်လို့ ဆိုတယ်။ နိုင်ငံတကာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို အာရုံစိုက်ကြပါတယ်။ အမေရိကမှာတော့ နိုင်ငံခြားရေးဝန်ကြီးဆိုတာ သမတပြီးရင် ဒုတိယ အကြီးဆုံး တာဝန်ရှိသူဖြစ်တယ်။ မြန်မာပြည်မှာ စစ်အစိုးရတက်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဆိုတာ ခိုင်းဖတ် သက်သက်သာဖြစ်နေခဲ့ပါတယ်။

၁၉၆၂ မှာ ဗိုလ်နေဝင်းအာဏာသိမ်းတော့ တော်လှန်ရေးကောင်စီမှာ စစ်ဗိုလ်ချုပ်တွေ ၁၇ ယောက်ပါပေမယ့် အရပ်သား ဦးသီဟန်ကို နိုင်ငံခြားရေးဝန်ကြီးခန့်ခဲ့တယ်။ ဒိနောက်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးက ကမ်းနားသစ်ပင်အစစ်တွေ ဖြစ်ကြတယ်။ ဦးသီဟန် (၁၉၆၂-၆၉)၊ ဦးမောင်လွင် (၁၉၆၉-၇ဝ)၊ ဦးလှဟန် (၁၉၇ဝ-၇၂)၊ ဦးကျော်စိုး (၁၉၇၂-၇၄)၊ ဦးလှဖုန်း (၁၉၇၄-၇၈)၊ ဦးမြင့်မောင် (၁၉၇၈-၈ဝ)၊ ဦးလေးမောင် (၁၉၈ဝ-၈၁)၊ ဦးချစ်လှိုင် (၁၉၈၁-၈၅)၊ ဦးရဲဂေါင် (၁၉၈၅-၈၈)၊ ဗခမက စောမောင် (၁၉၈၈-၉၁)၊ ဦးအုန်းဂျော် (၁၉၉၁-၉၈)၊ ဦးဝင်းအောင် (၁၉၉၈-၂ဝဝ၄)၊ ဦးဥာဏ်ဝင်း (၂ဝဝ၄-၂ဝ၁၁)၊ ဦးဝဏ္ဏမောင်လွင် (၂ဝ၁၁ မှ ယနေ့ထိ)။

ဦးအုန်းဂျော်လက်ထက်ကစပြီး မြန်မာစစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ ဂုဏ်ထူးတမျိုးပေးလာကြတယ်။ နိုင်ငံတကာ ထွက်ပြီး စစ်အစိုးရလုပ်သမျှကို ဖာထေး ညာပေးနေရသူများလို့။ နိုင်ငံခြားရေးတာဝန်ဆိုတာ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကိုသစ္စာခံတဲ့ အရည်အချင်းသာရှိသူမျိုးနဲ့ ကမ္ဘာ့အလယ်မှာ နာမည်ကောင်းဘို့မရှိပါ။

ဦးသန့်နောက်မှာ မြန်မာပြည်က ထင်ရှားကြော်ကြားတဲ့သံတမန် မပေါ်ပေါက်သေးပါ။ အခု တခေတ်ဆန်းတော့မယ် ထင်ပါတယ်။

Photo = U Thant (1909 - 1974), Burmese diplomat, UN Secretary General, at his desk on which are three differently coloured phones which he uses to keep in touch with different aspects of his world.

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၅
၂၅-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး