Saint Patrick's Day စိန့် ပက်ထရစ်နေ့

မတ်လ (၁၇) ရက်နေ့ဟာ စိန့် ပက်ထရစ်နေ့ဖြစ်ပါတယ်။ ခရစ်ယန်ဘာသာအတွက်နေ့ထူးဖြစ်တယ်။ မူလစတာက အိုင်ယာလန်နိုင်ငံသား ပဌမဆုံးသူတော်စင်အဖြစ်သတ်မှတ်ခံရတဲ့ Saint Patrick (c. AD 385–461) စိန့် ပက်ထရစ် ကွယ်လွန်တဲ့နေ့ကို သတ်မှတ်ထားတာဖြစ်တယ်။

ကျွန်တော်တို့တတွေ ပြည်ပနိုင်ငံရေးလုပ်နေရင်း အိုင်ယာလန်နိုင်ငံကို နှစ်ခေါက်ရောက်ရပါတယ်။ ပြည်ပရောက် ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ညီလာခံ (၂) ကြိမ်တိုင်ကျင်းပခွင့်ပေးခဲ့တဲ့ အိုင်ယာလန်နိုင်ငံကို အလွန် ကျေးဇူးတင်ပါတယ်။ အဲလိုနှစ်ကြိမ်တိုင်ကျင်းပခွင့်ပေးခဲ့တာ အိုင်ယာလန်နဲ့ ဆွီဒင်နိုင်ငံတွေဖြစ်ပါတယ်။

ဒပ်ဘလင်မြို့တော်မှာ အစည်းအဝေးတွေကျင်းပပါတယ်။ ၂ဝဝဝ ပြည့်နှစ် အောက်တိုဘာလထဲမှာတခါနဲ့ ၂ဝဝ၉ ခုနှစ် ဇန္နဝါရီလထဲမှာ ဒုတိယတခါကျင်းပခဲ့ပါတယ်။ အိုင်ယာလန်နိုင်ငံသူ နိုဗယ်ဆုရှင် ဘက်တီ-ဝီလီယမ် ကနေ ကျွန်တော်တို့ အစည်းအဝေးမှာ စကားလာပြောပါသေးတယ်။

ဓါတ်ပုံ = ၂၆-၁-၂ဝဝ၉ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်၊ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ညီလာခံနဲ့အတူ ဒီမိုကရေစီအဖွဲ့အစည်းများနဲ့ နိုင်ငံရေးညှိနှိုင်းအစည်းအဝေးတက်ရောက်ကြသူများ

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး