Flowers in the head ပန်းပန်မယ့်သူ

မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တစ်ပြေးနေတဲ့ ဒေါက်တာအောင်မိုးညိုက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မှာ သင်တန်းတခုတက်စရာရှိလို့ ရောက်နေချိန်မှာ မေရီလင်းမှာနေထိုင်တဲ့ NCGUB စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းဆီမှာ အလည်လာတယ်။ ၁၉၉ဝ ရေနံချောင်းက NLD အမတ် ဦးခင်ကျော်ဟန်လည်း အတူရှိနေတယ်။

ဒေါက်တာစိန်ဝင်းရဲ့ပိုင်ဆိုင်မှုကတော့ စာအုပ်တွေနဲ့ သောက်နေရတဲ့ဆေးပုလင်းတွေပါ။ ကျွန်တော်သွားတုန်းကတောင် စာအုပ် ၃-၄ အုပ်ပေးလိုက်သေးတယ်။

တခြား ၁၉၉ဝ အမတ်တွေလည်း ဝန်ကြီးချုပ်တွေဖြစ်စရာရှိတယ်။ ၉ဝ တုံးက ဖူးခဲ့ပန်းတွေ ပွင့်ပြီ။ ပွင့်နိုင်တဲ့ပန်းတွေလည်း ပန်မယ့်သူပါ ရှိလာပြီ။ ဘယ်နှစ်ပွင့် ပွင့်ပွင့်၊ ဘယ်နှစ်ပွင့်ကိုပန်ပါစေ၊ ပန်းဥယျာဉ်ကြီးတခုလုံးသာ မွှေးနေတယ်လို့ အဝေးကနေ မှတ်ယူပါတယ်။ ကျွန်တော်တို့ကတော့ ခြံစည်းရိုးတာဝန်ယူခဲ့ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး