HIV cure news အတည်မပြုနိုင်တဲ့ HIV ပျောက်ဆေး
ဆရာခင်ဗျာ HIV- AIDS ဝေဒနာရှင်ကို သွေးလဲပေးခြင်းဖြင့် သက်ရောက်မှု ရှိနိုင်ပါသလား။ ရိုသေလေးစားစွာဖြင့်
မနေ့ကတင် စပိန်၊ ဘာဆီလိုနားမှာ အဲလိုကုသနည်းတွေ့တယ်လို့ သတင်းထွက်တယ်။ HIV ကို ဗီဇအရ ခံနိုင်ရည် ရှိနေသူရဲ့ ချက်ကြိုးကသွေးကို ထုတ်ယူပြီး သွင်းပေးနည်းဖြစ်တယ်။ လူနာကတော့ ကင်ဆာရောဂါနဲ့ သေဆုံးသွားတယ်။ နည်းသစ်တခုအဖြစ်တော့ ဆရာဝန်တွေက အသိအမှတ်ပြုထားတယ်လို့သတင်းမှာရေးထားတယ်။
နောက် မြွေဆိပ်ကနေ HIV ပျောက်အောင်ကုသနည်းဆိုတာတခုလည်း လွန်ခဲ့တဲ့ ၂ ရက်ကထွက်တယ်။ ဒါပေမယ့် စောစောက ဘာဆီလိုနာကသတင်းရော အဲဒီမြွေဆိပ်ဆေးသတင်းရော ဝဘ်ဆိုဒ်နှစ်ခုလုံးမှာ ဗိုင်းရပ်စ်ပါလို့ ကွန်တော့် ကွန်ပြူတာ (အင်တီဗိုင်းရပ်စ်) စနစ်က ပိတ်ပိတ်ပြစ်တယ်။ အဲတော့ ဒီ HIV ပျောက်စေသတင်းတွေက မခိုင်မာဘူးလို့ ယူဆပါတယ်။
၉-၁-၂ဝ၁၃ နေ့ကလည်း နိုက်ဂျီးရီးယားတက္ကသိုလ် ပါမောက္ခတဦးကဆေးတွေ့ပြီဆိုတဲ့သတင်းလည်းထွက်သေးတယ်။ သတင်းထဲမှာကို ဝေဖန်တာပါလို့ အဲတာကိုလည်း အတည်မပြုနိုင်ပါ။
ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၆

Comments
Post a Comment