Burma picture ပန်းချီဆန်တဲ့ မြန်မာပြည်

• အထက်တန်းကျောင်းသားဘဝမှာ ပုံဆွဲတယ်။ ဆေးကျောင်းမှာလည်း ရံဖန်ရံခါ ပုံတူလေးတွေ ဆွဲဖြစ်သေးတယ်။ ဆရာဝန်ဖြစ်ကတည်းက ဘယ်လိုပန်းချီမှ မဆွဲဖြစ်တော့ပါ။ နိုင်ငံရေးထဲရောက်တော့ ပန်းချီနဲ့ ပိုဝေးသွားတယ်။ ခွဲစိတ်ဆရာဝန်တိုင်းဟာ စောင်းသမားလိုပဲ ဓါးနဲ့ဝေးမနေရဖူးတဲ့။
• ပန်းချီကတော့ မပြောတတ်သေးပါ။ ဟိုတနေ့က ပန်းချီဆွဲချင်တဲ့ဆန္ဒ ပြန်ဖြစ်ပေါ်လာတယ်။ လက်ထဲမှာတော့ စက္ကူ၊ ခဲတံ၊ စုတ်တံ၊ ရေဆေး၊ ဘာတခုမှတော့ မရှိသေးပါ။
• ဂျာနယ်တခုကမေးလို့ ဖြေခဲ့ပါတယ်။ ငယ်ကတည်းကပုံဆွဲဝါသနာပါတယ်။ အစဉ်အလာဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့ မျဉ်းကွေး၊ (ပါစပက်တစ်) အနီးအဝေးသဘောကို လက်ခံတယ်။ ညစ်ပေတာမျိုးမကြိုက်ဘူး။ နိုင်ငံရေးလုပ်တဲ့အခါမှာလည်း ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုးသာဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အနှစ်နှစ်ဆယ်အတွင်းမှာ အဆင်မပြေတာတွေဖြစ်ခဲ့ရတယ်။
• မြန်မာပြည်က ရှုခင်းတွေကိုထိုင်ကြည့်ပြီး ပုံတူတွေကို ဘယ်တော့ဆွဲနိုင်မလဲမသိပါ။ မျဉ်းဖြောင့်တွေ၊ အချိုးကျတဲ့ မျဉ်းကွေး၊ စနစ်ကျတဲ့ မျဉ်းကောက်တွေသာ မြန်မာပြည်မှာရှိပါစေ။ အညစ်အထေးတွေ၊ တွန့်လိမ်ကောက်ကွေး ကင်းဝေးပပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ
၈-၄-၁၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ