Resistance Day speech တော်လှန်ရေးနေ့ ကာချုပ်မိန့်ခွန်း

ကျွန်တော် ၁၉၉ဝ ရွေးကောက်ပွဲ ကိန်းဂဏန်းတွေကို အလွတ်ရတယ်။ တနှစ်တခါ IPU မှာသွားပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း တင်ပြနေခဲ့ရလို့ပါ။ ထောင်ထဲမှာကျန်သေးသူတွေ၊ ထောင်ထဲမှာသေသွားသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုးအလျော့ ကိန်းဂဏန်းအတိအကျနဲ့ တင်ပြပါတယ်။

နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖါသာ ဖျက်တာက ၁ဝ၂ ပါတီ၊ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်နေတာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင်ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။ အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ ဒုတိယလိုက်တာက SNLD ၂၃ နေရာ၊ တတိယက ALD ၁၁ နေရာ၊ NUP တစည က ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။

အမျိုးသားညီလာခံသမိုင်းစဉ်ကိုလဲ အတိအကျမှတ်သားထားတယ်။ စတဲ့နေ့ ၉-၁-၁၉၉၃၊ ပြီးစီးတဲ့နေ့ ၁၇-၁၂-၂ဝဝ၇၊ အချိန်ယူမှု = ၁၄ နှစ် ၁၁ လ၊ ၁၂ ရက်။ ရွေးကောက်ခံရတဲ့ အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ၂၇-၇-၁၉၉ဝ မှာ နဝတ က ကြောညာခဲ့တယ်။ တကယ်တန်း ဖွဲ့စည်းပုံရေးတဲ့အခါ အမျိုးသားညီလာခံ အစပိုင်းမှာ အမတ်တွေဟာ ၁၅့၂၄% တက်ခဲ့ကြရပေမဲ့၊ နောက်ဆုံး ညောင်နှစ်ပင်ညီလာခံမှာ ၁့၃၈% သာ ပါရတော့တယ်။

ဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲလုပ်တဲ့အခါ အင်မတန်ထူးခြားလှတဲ့ ကိန်းဂဏန်လဲမမေ့ပါ။ ၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေမယ် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆,၂ဝ၄၊ ရာနှုန်းအားဖြင့် ၁ဝ၂့ဝဂ% ကနေ ထောက်ခံတယ်လို့ပါခဲ့တယ်။

နာဂစ်မုန်တိုင်းမှာ လူပေါင်း ၁၃,၄ဝဝဝ ယောက် အသက်ဆုံးပါးခဲ့ရတယ်ဆိုတာ နောက်ဆုံးဂဏန်းဖြစ်တယ်။ ကျွန်တော် မေ့နေတဲ့ ကိန်းဂဏန်းတခုရှိပါတယ်။ နာဂစ်မုန်တိုင်းမှာ သေဆုံးပျက်စီးမှုတွေကို အစိုးရသတင်းစာတွေမှာ တိတိကျကျ ထုတ်ပြန်ပေးခဲ့တာမှာ လူတွေအပြင်၊ နွား၊ ကျွဲ၊ ဝက်၊ ကြက်၊ ဘဲသာမက ကွဲသွားခဲ့ရတဲ့ ဘဲဥအရေအတွက်လဲ တိတိကျကျပါခဲ့တယ်။ အဲဒါကို ကျွန်တော်မေ့နေတယ်ဗျာ။

ဆန္ဒခံယူပွဲမှာ ထောက်ခံမှု ၉၂့၄၈% ရှိတယ်ဆိုတာလေး မေ့နေတာကို ၂၇-၃-၂ဝ၁၄ နေ့က တပ်မတော်နေ့ (တော်လှန်ရေးနေ့) ကာချုပ်က မိန်းခွန်းမှာထည့်ပြောတာကြားလိုက်ရလို့ သူ့ကိုကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၄
၁၉-၃-၂ဝ၁၅
၂၆-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး