U Htin Kyaw ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ

ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအမှန်ကို ပြည်သူများသိစေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။

– ကွမ်းခြံကုန်းမြို့ သား အမျိုးသားဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ် (၁၉၉ဝ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ်၊ ကမာရွတ်မြို့ နယ်) နှင့် ဒေါ်ကြည်ကြည်တို့၏ ဒုတိယမြောက် သားဖြစ်သည်။

– အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလွင်၏ သမက်ဖြစ်သည်။

– “ဒလဘန်း” အမည်ဖြင့် သူ၏ဖခင် စာရေးဆရာမင်းသုဝဏ်အကြောင်းရေးသည့် “ အဘဘဝ အဘအကြောင်း တစေ့တစောင်း” စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့်လက်ရာဖြစ်သည်။

– ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့သည်။

– ၁၉၆၂ အထက(၁) ဒဂုံ (မက်သဒစ်ကျောင်း) မှ အခြေခံပညာ အထက်တန်းအောင်မြင်၊

– ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် မှ ဥပစာဝိဇ္ဇာ (က) အောင်မြင်၊

– ၁၉၆၃-၆၈ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ စာရင်းအင်းပညာ မဟာဘွဲ့  M.Econ (Statistics) Part- 2 တက်ရောက်နေစဉ် တက္ကသိုလ်နည်းပြအဖြစ် အလုပ်ဝင်လိုက်သည်။

– ၁၉၇ဝ Universities’ Computer Centre သို့ Programmer/ Analyst ရာထူးဖြင့် ပြောင်းရွှေ့  တာဝန်ထမ်းဆောင်၊

– ၁၉၇၁-၇၂ Institute of Computer Science,University of London ၌ ပညာသင်ယူ၊

– ၁၉၇၃ ဒေါ်စုစုလွင် (ဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ သုံးခွမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် လက်ထပ်ခဲ့သည်။

– ၁၉၇၄ Asia Electronics Union, Tokyo တွင် ကွန်ပျူတာပညာလေ့လာဆည်းပူး၊

– ၁၉၇၄-၇၅ M. Sc Computer Science (RASU)

– ၁၉၇၅-၁၉၈ဝ ဌာနခွဲမှူး၊အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊

– ၁၉၈ဝ-၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန(FERD) ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊

– ၁၉၈၇ Arthur D. Little, School of Management, Cambridge, Massachusetts တွင် ပညာသင်ယူ၊

– ၁၉၉၂ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်၊

– ၂ဝ၁၂ မှ ယနေ့ထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် Executive Committee Member (အလုပ်အမှုဆောင်အဖွဲ့ဝင်) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ၊

ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး