HPV vaccines သားအိမ်အဝကင်ဆာ ကာကွယ်ဆေးများ

ဆရာရှင့် သားအိမ်ခေါင်းကင်ဆာအကြောင်းလေးတင်ပေးပါအုံးရှင့်။ ကျွန်မကအသက် ၃၂ နှစ်ပါရှင့်။ သာဦးလေး မွေးထားတာ ၂ လခွဲရှိပါပြီရှင့်။ သားအိမ်ကင်ဆာကာကွယ်ဆေး အခုမှအစထိုးလို့ရရဲ့လားရှင့်။

သားအိမ်ဝ (ခေါင်း) ကင်ဆာ ကာကွယ်ဆေးတွေက Human papillomaviruses (HPVs) လိင်လမ်းကြွက်နို့ကို ကာကွယ်တာဖြစ်တယ်။ အမျိုးသမီးသားအိမ်ဝ ကင်ဆာအတွက်သာမက ဂေး (ယောက်ျားလိင်တူ) တွေမှာ ဖြစ်နိုင်တဲ့ စအိုလမ်းကင်ဆာကိုလည်း ကာကွယ်ပါမယ်။

ကမ္ဘာပေါ်မှာ ကင်ဆာအားလုံးရဲ့ ၅% ဟာ ဒီပိုးတွေကနေဖြစ်စေတယ်။ အမေရိကမှာတော့အမျိုးသမီးကင်ဆာအားလုံးရဲ့ ၃% နဲ့ ယောက်ျားကင်ဆာ ၂% ကို ဒီပိုးတွေကနေဖြစ်စေတယ်။ ဗိုင်းရပ်စ်တွေက အမျိုးကွဲ (၂ဝဝ) ကျော်ရှိတယ်။ (၄ဝ) ကျောက် လိင်လမ်းကနေတဆင့်ကူးစက်တယ်။ HPV ဗိုင်းရပ်စ် အမျိုးအစား (၁၆) နဲ့ (၁၈) ကနေ သားအိမ်ဝကင်ဆာ ၇ဝ% လောက်ကိုဖြစ်စေတယ်။ HPV ဗိုင်းရပ်စ်အမျိုးအစား စအိုလမ်းကင်ဆာ ၉၅% ကိုဖြစ်စေတယ်။ (၁၆) ကနေ ဖြစ်တာကများတယ်။ HPV ဗိုင်းရပ်စ်တွေကနေ ခံတွင်းနဲ့ အစာမျိုပြွန်ကင်ဆာ ၇ဝ% ကိုဖြစ်စေတယ်။ (၁၆) ကနေ တဝက်ကျော်ကိုဖြစ်စေတယ်။ အမျိုးသမီးတွေမှာ မွေးလမ်း (ဗဂျိုင်းနား) ကင်ဆာ ၆၅% နဲ့ မိန်းကိုယ်ကင်ဆာ ၅ဝ% နဲ့ ယောက်ျားတွေမှာ လိင်အင်္ဂါကင်ဆာ ၃၅% ကိုလည်း ဒီပိုးကနေဖြစ်စေတယ်။ အများစုဟာ (၁၆) ကနေဖြစ်စေတယ်။

FDA ကနေခွင့်ပြုထားတဲ့ကာကွယ်ဆေး (၃) မျိုးရှိတယ်။ Gardasil ကာကွယ်ဆေး၊ Gardasil 9 ကာကွယ်ဆေးနဲ့ Cervarix တို့ဖြစ်တယ်။ ကာကွယ်ဆေးအားလုံးကနေ ပိုးအမျိုးအစား (၁၆) နဲ့ (၁၈) တို့ကိုကာကွယ်မယ်။ အာတာတွေ့ သားအိမ်ဝကင်ဆာအားလုံးရဲ့ ၇ဝ% ကိုဖြစ်စေတယ်။ Gardasil ကာကွယ်ဆေးကတော့ (၁၆) နဲ့ (၁၈) သာမက (၆) ရော (၁၁) ရောကိုပါကာကွယ်တယ်။ အဲတာတွေက လိင်လမ်းကြွက်နို့ ၉ဝ% ကိုဖြစ်စေတယ်။ Gardasil 9 ကာကွယ်ဆေး ကတော့ (၃၁) + (၃၃) + (၄၅) + (၅၂) တွေကိုပါကာကွယ်တယ်။ ကာကွယ်ဆေးအားလုံးကို (၆) လအတွင်းမှာ စုစုပေါင်း (၃) လုံးထိုးရတယ်။

FDA သတ်မှတ်ချက်က Gardasil နဲ့ Gardasil 9 ကာကွယ်ဆေးတွေကို အမျိုးသမီး အသက် (၉) နှစ်ကနေ (၂၆) နှစ် ထိုးဘို့ဖြစ်တယ်။ Gardasil ကာကွယ်ဆေးကို ယောက်ျားအသက် (၉) နှစ်ကနေ (၂၆) နှစ်ထိုးဘို့နဲ့ Gardasil 9 ကာကွယ်ဆေးကို ယောက်ျားအသက် (၉) နှစ်ကနေ (၁၅) နှစ်ထိုးဘို့ဖြစ်တယ်။

Cervarix ကာကွယ်ဆေးကို GlaxoSmithKline (GSK) ကနေထုတ်လုပ်တယ်။ ပိုးအမျိုးအစား (၁၆) နဲ့ (၁၈) အတွက် ဖြစ်တယ်။ အမျိုးသမီးအသက် (၉) နှစ်ကနေ (၂၅) နှစ်တွေထိုးဘို့ဖြစ်တယ်။

Gardasil နဲ့ Cervarix တွေဟာ (၁၆) နဲ့ (၁၈) အတွက် ၁ဝဝ% ကာကွယ်မှုပေးတယ်။ Gardasil 9 လည်း (၆၊ ၁၁၊ ၁၆၊ ၁၈) အတွက် အလားတူကာကွယ်မှုပေးတယ်။ ဒါ့ပြင် (၃၁၊ ၃၃၊ ၄၅၊ ၅၂၊ ၅၈) တို့ကို ၉၇% ကာကွယ်မှုပေးတယ်။
ကနေ့အထိသတ်မှတ်ထားတာက Gardasil ကာကွယ်ဆေးက (၈) နှစ်နဲ့ Cervarix ကာကွယ်ဆေးက (၉) နှစ်အထိကြာ ကာကွယ်မှုပေးတယ်။

Pap test အဖြေမှာ မကင်းရှင်းတဲ့အမျိုးသမီးတွေကိုလည်း HPV ကာကွယ်ဆေးထိုးနိုင်တယ်။ တခြားပိုးတွေကနေ ကာကွယ်စေမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ