Godfather Era အရေးထဲ အဘရောဂါပြန်ထနေခြင်း
• စနေ ညီထက် ဘဘရေရှယ်ပါရစေ ခင်ဗျာ
• Tint Swe ဘဘ နဲ့ အဘဆိုသူတွေကို ဘလော့နေပါတယ်။ အဘခေတ်ကျဆုံးပါစေ။
• စနေ ညီထက် ဟုတ်ကဲ့မှားသွားရင်ဆင်ခြင်ပါ့မယ်ခင်ဗျာ
• Pyar Dee ဆရာစိတ်မဆိုးနဲ့နော် ဘဘ ဆိုတဲ့အသုံးအနှုန်းက ဆရာကိုလေးစားသမုနှင့်ခေါ်တာလို့ ထင်တယ်။ ကျွန်မအမြင်ဖြင့်ပြောကြည့်တာပါ။
• Tint Swe အခါ (၁ဝဝ) လောက်စကားလုံးအမျိုးမျိုးနဲ့ရှင်းပြပြီးပါပြီ။ ၂ နှစ်ရှိပြီ။ ဆင်ခြေပေါင်းများစွာလည်း ဖတ်သိပြီးဖြစ်ပါတယ်။ ဆောရီး။ အဘခေတ်ကျဆုံးပါစေသတည်း။
• Ko Pe Aung ဆရာကြီး၊ အန်ကယ်ကြီး ခေါ်လို့ရပါသေးတယ်
• Tint Swe မဟုတ်ပါ။ အမျိုးမတော်သူတွေကနေ သား-သမီးလို့ရေးမေးတာကို နားလည်ရ အတော်ကိုခက်တယ်။ စာရေးသူလား၊ သူ့သား-သမီးလား၊ သူ့မြေးလား မသိပါ။ (ဆရာ) ဆိုတာ မှန်ကန်-ပြည့်စုံ-လေးစားရာကျတယ်။ (ဆရာကြီး) လည်းမဟုတ်ပါ။ ဒီဟာရေးပြနေရတာ အခါ (၁ဝဝ) လောက်ရှိပြီ။ နောက်ထပ်တော့ မတွန့် မကွန့်စေလိုပါ။ အဲလိုသာခေါ်လိုသူများကို ဘလော့ပါမယ်။ ဆောရီး။
မေးတာတွေဖြေရအုန်းမယ်။ အဘစကားလာမပြောကြပါနဲ့တော့ဗျာ တောင်းပန်ပါတယ်။ အခေါ်ခံချင်သူတွေကိုသာ ကြိုက်သလောက်သွားခေါ်ကြပါ။ ဟင့်း့ အချိန်တနာရီလောက်စားသွားပြီ။ နှမြောလိုက်တာ။
ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၆

Comments
Post a Comment