HPV vaccination during pregnancy ကိုယ်ဝန်နှင့် သားအိမ်ဝကင်ဆာကာကွယ်ဆေး

မ/၂၈။ ကိုယ်ဝန် ၂ လ ရှိပါပြီ။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက နောက်ဆုံးတလုံးထိုးဖို့ ကျန်နေပါတယ်။ အဲ့ဆေးက ကိုယ်ဝန်ကို effect ဖြစ်နိုင်ပါသလားရှင်။

မေးခွန်းမလာမီ ၈ နာရီက HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေးစာ ထပ်တင်ထားပါတယ်။

အဖြေကတော့ မွေးပြီးမှ ထိုးသင့်။ ကိုယ်ဝန်ဆောင်နေရင် သားအိမ်အဝကင်ဆာ ကာကွယ်ဆေး မထိုးသေးပဲ နေသင့်တယ်။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။ အစကနေပြန်ထိုးဖို့မလိုပါ။

အသက် ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။ သားအိမ်အဝကင်ဆာ ကာကွယ်ဆေးမထိုးခင် အပျိုလား၊ အပျိုမဟုတ်တော့ဘူးလား မေးမနေပါ။ သားအိမ်အဝကင်ဆာ ရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဖို့ မလိုအပ်ပါ။

သားအိမ်အဝကင်ဆာ ကာကွယ်ဆေးက ဖြစ်နေပြီးသား လိင်ကတဆင့်ကူးစက်တဲ့ရောဂါကိုတော့ မကာကွယ်နိုင်ပါ။ ဆေး ၃ လုံး ထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေချာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။ ဒါပေမဲ့ ဆေးထိုးထားလဲဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။

၂ဝ၁၇ ခုနှစ်အမကုန်မီအထိ ကမ္ဘာမှာ အသက် ၉ နှစ်ကနေ ၂၆ နှစ်အထိ အမျိုးသမီးပေါင်း ၇၂ သန်း သားအိမ်အဝကင်ဆာ ကာကွယ်ဆေးထိုးထားပြီးကြပါပြီ။ ကိုယ်ဝန်ဆောင်တွေ မပါဝင်ပါ။ ကိုယဝ်ရှိနေမှန်မသိဘဲ ကာကွယ်ဆေး ထိုးမိတာတွေလည်း ရှိတယ်။

ဒိန်းမတ်နိုင်ငံမှာ လေ့လာမှုတခုလုပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် သားအိမ်ဝကင်ဆာကာကွယ်ဆေးထိုမိလို့ ဆိုးတဲ့ ဘေးထွက်ဆိုးကျိုးသက်ရောက်တာ မတွေ့ရပါ။ Gardasil vaccine ကာကွယ်ဆေးထိုးမိသူ ၁၆၆၅ ယောက်ကို လေ့လာတာပါ။ ကာကွယ်ဆေးမထိုးသူ ၆၆၆ဝ ယောက်နဲ့မကွာပါ။ ကိုယ်ဝန်ပျက်တာ၊ အလေးချိန်နည်း ကလေးမွေးတာနဲ့ ကလေးအသေမွေးနှုန်း နည်းနည်းလေးသာပိုတာ တွေ့ရတယ်။ ဒီလေ့လာမှုရလဒ်ကို ၂၉-၃-၂ဝ၁၇ နေ့ကထုတ်ပြန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး