Tramadol အနာသက်သာဆေးတမျိုး
ဆရာရှင့် အသက် ၈၁နှစ်ရှိ အမေ ပေါင်ကျိုး ကျောက်ကပ်ဆီးဆိပ်တတ် ကုနေပြီးနာကျင်ကိုက်ခဲလို့ tramadol ဆေးကျွေး အိပ်ပဲနေ စကားမပီမသနဲ့ သတိမေ့ပြီး ကောင်းစွာမပြောနိုင်ပါဘူး။ ဆေးရဲ့ကောင်းကျိုးဆိုးကျိုးသိပရစေရှင့်။
အလုံးစုံနားမလည်လို့ မြန်မာလိုပြောပြပေးပါလားဆရာ။ မှားတာရှိရင်ခွင့်လွှတ်ပါရှင့်။
Tramadol ထွာမဒေါ ခေါ် အနာသက်သာဆေးက ယေဘုယျအားဖြင့် လူနာတွေက ခံနိုင်ရည်ရှိကြတယ်။ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။
အများဆုံးဖြစ်လေ့ရှိတာတွေ -
Nausea ပျို့၊
Constipation ဝမ်းချုပ်၊
Dizziness ခေါင်းမူး၊
Headache ခေါင်းကိုက်၊
Euphoria ကောင်းတယ်လို့ထင်နေ၊
Indigestion အစာမကျေ၊
Spasticity တင်းတောင့်နေ၊
Weakness အားနည်း၊
Drowsiness အိပ်ချင်၊
Vomiting အန်ချင်။
နည်းနည်းသာဖြစ်တတ်တာတွေ -
Itching ယား၊
Sweating ချွေးထွက်၊
Dry mouth အာခေါင်ခြောက်၊
Diarrhea ဝမ်းပျက်၊
Eash အရေပြားအနီကွက်၊
Visual disturbances မျက်စိကြည့်မကောင်း၊
Vertigo ခေါင်းမူး။
Tramadol ဆေးဟာ ဘိန်းလိုပါတယ်။ ဆေးစွဲစေတယ်။ ဆေးတလွဲသုံးသူတွေရှိတယ်။ ဆေးအဆများလို့ သေဆုံးနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၉-၉-၂ဝ၁၈

Comments
Post a Comment