တထောင်
၁။ ဆရာခင်ဗျား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဗောဓိတထောင်ဆင်စခန်းဖွင့်ပွဲပုံ ပို့ပေးလိုက်ပါတယ် ဆရာ။
၂။ ကျနော်တို့ သစ်လုပ်ငန်းက လူကြီးတွေ တထောင် နဲ့ တစ်ထောင် ငြင်း နေကြလေရဲ့။
တစ်သမား များတယ်။ ဒေါက်တာသန်းထွန်းရေးတာတခု ရှိတယ်။
(၁) ဆယ်တန်းစာမေးပွဲ အဖြေလွှာကို စာစစ်ခွင့်ရလို့စစ်ရင် စာတအုပ်စစ်ဆေးခ ငွေတဆယ်ကျပ်ရတယ်။ တနှစ်မှာ သမိုင်းမေးခွန်း ပေါက်တယ်။ ဆိုင်ရာပါမောက္ခကို မသင်္ကာပါ။ ငါ့ကို အုပ်တထောင်ဝေစုပေးပြီး၊ ဒီမှာ မေးခွန်းစာရွက်လို့ ပါမောက္ခကပေးတော့ မေးခွန်းက စာမစစ်မီကပဲ ရပြီးသားဖြစ်ပါတယ်လို့ ပြောလိုက်တယ်။ ဒါဖြင့်လဲ မယူနဲ့တော့လို့ပြောပြီး၊ ငွေတထောင်ဖိုး အဖြေစာအုပ်တွေကို မပေးတော့ပါ။ (ဆုံး)
တစ်သမား အဆတထောင်မက များတယ်။ ဒေါက်တာသန်းထွန်းကပဲ ရေးသေးတယ်။ အများနဲ့ တယောက်၊ အများလွန်တယ်ထင်ပါတယ်တဲ့။
ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၉









Comments
Post a Comment