Contraceptives for women with STI/HIV လိင်ကတဆင့်ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ

STDs လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိနေတဲ့ အမျိုးသမီးတွေဟာ တားနည်း ၂ မျိုးတွဲသုံးသင့်တယ်။ အမျိုးသမီးများ အတွက်ရော အမျိုးသားများအတွက်ပါ ကိုယ်ဝန်တားဘို့ရော HIV ပိုးမဝင်အောင်ပါ ထိရောက်မှု အရှိဆုံးဖြစ်ရမယ်။ မှန်ကန်တဲ့နည်းတွေကို တောက်လျှောက် (လိင်ဆက်ဆံမှုပြုတိုင်း) သုံးကြရမယ်။

ဒီနည်းတွေက အများစုက ကိုယ်ဝန်မရှိစေအာင် သုံးနေကြတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။ Hormonal contraceptives ဟော်မုန်းပါ တားဆေးတွေ၊ Intrauterine systems သားအိမ်ထဲထည့်နည်း နဲ့ IUDs သားအိမ်ထဲ ပစ္ဓည်းထည့်နည်းတွေဟာ ကိုယ်ဝန်တားဘို့အတွက် အလွန်ထိရောက်တယ်။ ဒါပေမဲ့ STIs နဲ့ HIV တွေအတွက် အဲလောက် မထိရောက်ဘူး။ လိင်ကတဆင့် ကူးစက်ရောဂါ ရလာနိုင်ခြေရှိတဲ့ လိင်အပြုအမူရှိသူ အမျိုးသမီးတွေ (ကွန်ဒွမ်) သုံးရမယ်။

Contraceptives and STIs လိင်ကတဆင့် ကူးစက်ရောဂါတွေ နဲ့ ကိုယ်ဝန်တားနည်းများ
STIs လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေလဲ ဟော်မုန်းပါ ကိုယ်ဝန်တားနည်းတွေဖြစ်တဲ့ (၁) Combined oral contraceptive pills (COC) ဟော်မုန်း ၂ မျိုးတွဲစားဆေး၊ (၂) Patch ဟော်မုန်း ၂ မျိုးတွဲ ဆေးကပ်ခွါ၊ (၃) Progesterone-only pills ဟော်မုန်း ၁ မျိုးတည်းစားဆေး၊ (၄) DMPA ထိုးဆေး နဲ့ (၅) Implants ဟော်မုန်း ၁ မျိုးထဲပါ အရေပြားအောက် ထားရတဲ့ဆေးတွေကို သုံးနိုင်ပါတယ်။

သတိထားဘို့က ဆေးတချို့ကနေ တားဆေးရဲ့ ထိရောက်မှုကို သက်ရောက်စေနိုင်တယ်။ Hepatic enzyme-inducing (Lopinavir, Ritonavir, Nevirapine) ဆေးတွေနဲ့ Doxycycline နဲ့ Ampicillin ပဋိဇီဝဆေးတွေကို ပြောတာ ဖြစ်တယ်။ ဒါတွေက တားဆေး-ထိုးဆေး ကိုတော့ သက်ရောက်မှု မရှိပါ။ Cervicitis သားအိမ်ဝ ရောင်နေရင် IUD သားအိမ်ထဲ ပစ္ဓည်း မသုံးသင့်ဘူး။

Contraceptives and HIV (အိတ်ခ်ျအိုင်ဗွီ) နဲ့ ကိုယ်ဝန်တားနည်းများ
1. Combined oral contraceptive pill (COC) တနေ့ ၁ လုံး သောက်ရတဲ့ ဟော်မုန်း ၂ မျိုးတွဲစားဆေးက ကိုယ်ဝန်တားဘို့ ထိရောက်တယ်။ ဒါပေမဲ့ Antiretroviral therapy (ART) ဆေး သောက်နေရသူနဲ့ Liver enzyme-inducing drugs (Lopinavir, Ritonavir, Nevirapine) ဆေးတွေပါ သောက်နေရရင် COC ရဲ့ ထိရောက်မှုကို နည်းစေနိုင်တယ်။
2. Progestogen-only pill (POP) ဟော်မုန်း ၁ မျိုးတည်းပါ စားဆေးကလဲ (ART) ဆေးသောက်နေရသူရရင် ထိရောက်မှုကို နည်းစေနိုင်တယ်။
3. Long-acting injectable progestogens (DMPA and norethisterone enantate) တာရှည်ခံ ကိုယ်ဝန်တား ထိုးဆေးတွေကတော့ ART ဆေး သောက်နေရလဲ သုံးနိုင်တယ်။
4. Progestogen-only subdermal implants (ပရိုဂျက်စတိုဂျင်) တမျိုးထဲပါတဲ့ အရေပြားအောက် ထည့်ထားရတဲ့ တားဆေးက ၃ နှစ်ခံတယ်။ HIV အတွက် ART ဆေး သောက်မနေရသူတွေအတွက်သာ ကောင်းတယ်။
5. Levonorgestrel intrauterine system သားအိမ်ထဲကို ဟော်မုန်းပါဆေး ထည့်ထားတာ ၅ နှစ်ခံတယ်။ ART ဆေး သောက်နေရလဲ ရတယ်။
6. Copper-bearing intrauterine devices သားအိမ်ထဲ (ကောပါး) ပါ ပစ္စည်းက ၅-၁ဝ နှစ်ခံတယ်။ HIV ရှိလဲ သုံးနိုင်တယ်။ STIs တော့ ဂရုစိုက်ပါ။

Condoms (ကွန်ဒွမ်) များ
1. Latex male condom ယောက်ျားသုံး (ကွန်ဒွမ်) တွေကို တားဆေးနဲ့ တွဲသုံးသင့်တယ်။ တခါသုံးဖြစ်တယ်။ သတိထားဘို့က Candidiasis (ကင်ဒီဒိုင်ယေးဆစ်) ရှိနေလို့ Clotrimazole, Econazole နဲ့ Miconazole ထည့်ဆေးတွေကနေ (ကွန်ဒွမ်) ပေါက်သွားမှာကို စိုးရတယ်။ (ကွန်ဒွမ်) တမျိုးထဲသာ သုံးသူဆိုရင် တကယ်လို့ (ကွန်ဒွမ်) ပေါက်ပြဲသွားရင် အရေးပေါ်ကိုယ်ဝန်တားနည်းပါ သုံးရမယ်။
2. Female condom မိန်းမသုံး (ကွန်ဒွမ်) က ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။ ဘယ်လိုချောဆီဖြစ်ဖြစ် သုံးလို့ရတယ်။ ကိုယ်ဝန်ရော လိင်ကတဆင့် ကူးစက်ရောဂါတွေရော HIV ကိုပါ ကာကွယ်နိုင်တယ်။

Emergency contraception HIV (အိတ်ခ်ျအိုင်ဗွီ) ရှိနေသူအတွက် အရေးပေါ်တားဆေး
1. အရေးပေါ်တားဆေးဟာ အရေးပေါ်အတွက်သာဖြစ်တယ်။ HIV ရှိနေပြီး ART ဆေး သောက်မနေရတဲ့ အမျိုးသမီးတွေ လိင်ဆက်ဆံမှုပြုပြီး ၇၂ နာရီအတွင်း Levonorgestrel 1.5 mg သောက်နိုင်တယ်။ ဒါမှမဟုတ် Cu-IUD ကို ၅ ရက်အတွင်း ထည့်နိုင်တယ်။
2. ART ဆေးရော Liver enzyme-inducing drugs ဆေးတွေပါသောက်နေသူ အမျိုးသမီးတွေအတွက် သားအိမ်ထဲ Emergency IUD ထည့်တာ အကောင်းဆုံး ဖြစ်တယ်။ ဒါမှမဟုတ် Levonorgestrel ကို ခါတိုင်းထက် ၂ ဆ 3 mg ကို ၇၂ နာရီအတွင်း သောက်သင့်တယ်။

ကိုးကားချက်။ Management of Sexually Transmitted Infections Regional Guidelines (WHO) 2011

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး