Sinus ဆိုင်းနပ်စ်ရောဂါ

ပုံကြည့်ပြီး မကုလားမတွေ လက်တွေ-ခြေတွေမှာ လုပ်ကြတဲ့ Mehndi (မင်ဒီ) ကို မျက်နှာမှာ အလှခြယ်ထားတယ် မထင်ပါနဲ့။ နဖူး နဲ့ မျက်လုံးကြားမှာနာတယ်။ အပေါ်သွားတွေနာမယ်။ မျက်နှာက ပြည့်နေသလိုခံစားရမယ်။ နှာခေါင်း ပွစိပွစိဖြစ်မယ်။ ဒါဆိုရင် (ဆိုင်းနပ်စ်) ဖြစ်နေနိုင်တယ်။

Air Spaces ခေါင်းရိုးခွံထဲမှာ လေခိုနေတဲ့ အခေါင်းလေးတွေ ရှိတယ်။ အခေါင်းလေးတွေကို Mucous membranes အလွှာပါးလေးနဲ့ ဖုံးထားတယ်။ Sinuses တွေဟာ fingerprints လူ့လက်ဗွေတွေလို တယောက်နဲ့ တယောက် မတူကြပါ။ ဘယ်-ညာ မှာ (၄) စုံရှိတယ်။
1. Two frontal sinuses မျက်လုံးတွေအထက် နဖူးရိုးထဲမှာ (၂) ခု၊
2. Two maxillary sinuses ပါးရိုးထဲမှာ (၂) ခု၊ (ပုံထဲမှာ တရိဂံပုံမှောင်နေတဲ့နေရာ)
3. Ethmoid sinuses နှာခေါင်းနောက်ဖက်မှာအုပ်စုလိုက်ရှိတယ်၊
4. Sphenoid sinuses နှာခေါင်းနောက်ဖက် ဦးနှောက်အောက်မှာ

• What Is Sinusitis (ဆိုင်နူဆိုက်တစ်စ်) ဆိုတာ
ခေါင်းရိုးခွံထဲက အခေါင်းလေးတွေကိုဖုံးနေတဲ့ အလွှာပါးလေးမှာ အင်မတန်သေးလှတဲ့ အမွှေးနုနုလေးတွေရှိတယ်။ cilia ခေါ်တယ်။ အချွဲရည်ကို အပေါက်ဘက်ဆီထွက်စေဘို့ ဖန်တီးထားတယ်။ ခေါင်းရိုးခွံထဲက အခေါင်းလေးတွေနဲ့ နှာခေါင်းဟာ တနည်းနည်းနဲ့ ဆက်နေကြလို့ အချွဲကို ထွက်သွားစေအောင်လုပ်ပေးထားတယ်။ ရောဂါပိုးဝင်တာ၊ (အလာဂျီ) ရတာဖြစ်ရင် အဲဒီနေရာတွေ ရောင်ရမ်းလာတယ်။ အဲလိုကြောင့် နီရဲပြီးဖေါင်းနေတာကို (ဆိုင်နူဆိုက်တစ်စ်) လို့ ခေါ်တယ်။

• Just a Cold at First အစကတော့ အအေးမိသလိုပါဘဲ
အအေးမိလို့ရောင်တာ နဲ့ (အလာဂျီ) ဖြစ်တာတွေက ဒါတင် အဆုံးသတ်မသွားရင်တော့ (ဆိုင်းနပ်စ်) တွေရောင်တာ ဖြစ်လာစေနိုင်တယ်။

• Stuffy, Puffy, and Sore နှာခေါင်းပိတ်၊ နှာခေါင်းပွစိပွစိဖြစ်ပြီး နာမယ်
အထဲမှာ ရောင်တဲ့နေရာလိုက်ပြီး နာတာခံရမယ်။ နှာခေါင်းက အရည်တွေယိုမယ်။ ဝါမယ်၊ စိမ်းမယ်၊ ကြည်မယ်။ အားယုတ်နေမယ်။ အနံ့ကောင်းကောင်းမရဘူး။ အရသာပျက်မယ်။ ချောင်းဆိုးမယ်။ လည်ချောင်းနာမယ်။ ခံတွင်းအနံ့ မကောင်းဖြစ်မယ်။ ခေါင်းကိုက်မယ်။ ရှေ့ကုန်းရင်ပိုနာမယ်။ ကိုယ်ပူမယ်။

• Chronic Sinusitis နာတာရှည် (ဆိုင်နူဆိုက်တစ်စ်)
ပုံထဲမှာ အပြာရောင်နေရာတွေက Maxillary sinuses (မက်ဆလယ်ရီ) ဆိုင်းနပ်စ်နှစ်ဖက်လုံးက အဖုံးလွှာပါးလေးတွေ ရောင်နေ-ထူနေတာကိုပြတယ်။ အဲလို (ဆိုင်းနပ်စ်) ရောင်နေတာ ၃ လကျော်ရှိနေပြီ။ နာတာရှည် (ဆိုင်နူဆိုက်တစ်စ်) ခေါ်တယ်။ တခါတလေ (ဗက်တီးရီးယား) တွေလဲဝင်တတ်တယ်။ ဒါပေမဲ့ ဒီပိုးတွေကြောင့်တော့ နာတာရှည်မဖြစ်စေဘူး။ (ဆိုင်းနပ်စ်) တည်ရှိနေပုံ၊ (အလာဂျီ)၊ အသားပိုအလုံး၊ ခုခံအားကျတာ၊ သွားရောဂါတွေကနေလဲ နာတာရှည် (ဆိုင်နူဆိုက်တစ်စ်) ဖြစ်စေနိုင်တယ်။

• Nasal Polyps နှာခေါင်းထဲက အသားပို
(ဆိုင်းနပ်စ်) ရောင်လာရင် အဖုံးလွှာလေးတွေ ထူလာပြီးရောင်မယ်။ သိသိသာသာထူတာဖြစ်ရင် စပျစ်သီးခိုင်လို ဖြစ်လာမယ်။ ဒါကို နှာခေါင်းထဲက အသားပိုလို့ခေါ်တယ်။ (ဆိုင်းနပ်စ်) ထဲကနေ နှာခေါင်းထဲ တိုးထွက်လာတာလဲ ရှိတယ်။ နှာခေါင်းပေါက်ကို အနည်းနဲ့အများဆို့ပိတ်နေမယ်။ တချို့မှာ လုံးဝနီးနီး ပိတ်နေတယ်။

• Nasal Decongestants နှာခေါင်းထဲ ထည့်တဲ့ဆေးတွေ
နှာခေါင်းထဲ ထည့်တဲ့ Decongestants ဆေးတွေက ပိတ်နေတာကို ပွင့်စေပြီး စီဆင်းထွက်ကျစရာကို ဖြစ်လာစေမယ်။ ခရီးသွားနေရတုံး၊ ရောဂါဆိုးတာခံနေရတုံးမှာ သုံးတာ အကျိုးရှိစေပါတယ်။ ဒါပေမဲ့ ရက်ရှည်သုံးတာ မကောင်းပါ။ ကြာကြာသုံးရင် ပြောင်းပြန်အကျိုးရစေတယ်။ နှာခေါင်း ပြန်ပိတ်လာမယ်။ နာတာရှည်သမားတွေအတွက် မပေးရပါ။

• Oral decongestants ပါးစပ်ကသောက်ရတဲ့ စားဆေးတော့ ပေးတယ်။ ဘေးထွက်-ဆိုးကျိုး သတိထားပါ။
ရက်တို (ဆိုင်းနပ်စ်) ရောင်တာအတွက် အကောင်းဆုံးနည်းကတော့ Nasal steroid sprays နှာခေါင်းထဲ ထည့်ရတဲ့ (စတီရွိုက်) ဆေးရည် နဲ့ Saline sprays ဆားရည်ဖြစ်တယ်။ ဒါနဲ့မှမရရင် ဆရာဝန်ပြပါ။ နာတာရှည် ဖြစ်နေသူတွေမှာ Deviated septum နှာခေါင်းကို ဘယ်-ညာကန့်ထားတဲ့ အကန့်က တိမ်းစောင်းနေတာ ရှိလာနိုင်တယ်။ ဆေးကုလို့ရပါတယ်။

• Antibiotics Usually Not Needed ပဋိဇီဝဆေး အများအားဖြင့် မလိုပါ။
Common cold အအေးမိတယ်ဆိုတာ Viral infection (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ အအေးမိတာ သူ့ဖါသူပျောက်တာ များတယ်။ ကံဆိုးရင် အအေးမိရာကနေ (ဆိုင်းနပ်စ်) ရောင်တာ ဆက်ဖြစ်တယ်။ Antibiotics ပဋိဇီဝဆေးတွေက (ဗိုင်းရပ်စ်) ကို မသေစေနိုင်ပါ။

• Allergy-Related Sinusitis (အလာဂျီ) ကနေ ဆက်ဖြစ်တဲ့ (ဆိုင်နူဆိုက်တစ်စ်)
Saline solution ဆားရည်နဲ့ ဆေးပြစ်သလိုလုပ်တာ အကောင်းဆုံးဖြစ်တယ်။ Neti pot နဲ့ ဖြစ်ဖြစ် Squeeze bottle နဲ့ ဖြစ်ဖြစ် လုပ်နိုင်တယ်။ Nasal steroid sprays (စတီရွိုက်) ဆေး နှာခေါင်ထဲထည့်တာလဲ သုံးကြပါတယ်။ Antihistamines (အင်တီဟစ်တမင်း) ဆေးလဲ ပေးနိုင်တယ်။

• When to See the Doctor ဆရာဝန်ကို ဘယ်တော့ပြမလဲ
နှာခေါင်းထဲကနေ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်းအရည်တွေ ကျလာရင် (ဗက်တီးရီးယား) ပါထပ်ဝင်တာဖြစ်နိုင်တယ်။ ပဋိဇီဝဆေး မပေးလဲ ၂ ပါတ်အတွင်းပျောက်ပါမယ်။

• Chronic Sinusitis Treatment နာတာရှည် (ဆိုင်နူဆိုက်တစ်စ်) ကုသနည်းက ခက်လှတယ်
ဖြစ်စေတာမျိုးကနေ ဝေးဝေးရှောင်ပါ။ Nasal steroid sprays နဲ့ Antibiotics ဆေး ပေးနိုင်တယ်။

• Surgery ခွဲစိတ်ကုသနည်းမှာ Functional endoscopic sinus surgery ကိုလုပ်တယ်။ အတော်အသင့် ကောင်းပါမယ်။

• Sinusitis Complications အဆိုးဆုံး ဘာဖြစ်နိုင်လဲ
အနံ့ကောင်းကောင်းမရတာ၊ အရသာပျက်တာတွေဖြစ်တာ များတယ်။ သတိထားရမှာက (ဆိုင်းနပ်စ်) တွေနဲ့ ဦးနှောက်ကြားမှာ အရိုးလွှာလေးသာခြားတယ်။ (ဆိုင်းနပ်စ်) ရောင်ရာကနေ အရိုးကိုပါ ရောက်တဲ့နောက် ဦးနှောက်ကို ကူးလို့ Meningitis ဦးနှောင်မြှေးရောင်တာ ဖြစ်လာနိုင်တယ်။ ဦးနှောင် (တစ်ရှူး) လဲ ရောင်နိုင်တယ်။ နောက်ပြီး မျက်စိကို ကူးလာနိုင်တယ်။

• Preventing Sinusitis ဘယ်လို ကာကွယ်မလဲ
အတိအကျ မပြောနိုင်ပါ။ ဖြစ်လာရင် Saline sprays or Nasal irrigation မကြာခဏလုပ်ပေးပါ။ အခန်းထဲမှာ ခြောက်သွေ့မနေပါစေနဲ့။ ကိုယ့်နှာခေါင်းကို ကလိစေတာမျိုး ရှောင်နေပါ။ ဥပမာ အနံ့ပြင်းတာမျိုး နဲ့ မိုးခိုးငွေ့တွေ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး