1988 and 1990 ၁၉၈၈ နဲ့ ၁၉၉ဝ ကို အသေရေဖျက်ခြင်း

(ဒီဇင်ဘာ ၁၆ ရက်၊ ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြားချက်)

“အဲဒီအချိန်မှာ အင်မတန်မှ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးက ခေါင်းဖြတ်သတ်တဲ့ အခြေအနေ ဖြစ်ပွားခဲ့တယ်။ အုပ်ချုပ်မှုစနစ် မရှိတော့ဘူး။ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ တပ်မတော်ကိုထိပါးလာတယ်။ ဒါကြောင့် မလွှဲရှောင်သာလို့ အာဏာသိမ်းလိုက်ရတယ်။ ပစ်ခတ်ပြီးထိန်းသိမ်းခဲ့တဲ့ တပ်မတော်က အာဏာလွှဲပေးချင်လို့ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့တယ်။ NLD နိုင်ပါတယ်။ အာဃာတတရား ရှေ့ထားတဲ့အခါကျတော့ ကျွန်တော်တို့က အာဏာလွှဲလို့ မရဘူး။ အာဏာလွှဲဖို့ဆိုရင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကြရအောင်ဆိုပြီး အမျိုးသားညီလာခံကိုခေါ်ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာစပြီး ၁၉၉၆ ခုနှစ်မှာ ပျက်သွားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှရမယ်ဆိုပြီး ၁၉၉၆ ခုနှစ်မှာ ရပ်သွားခဲ့တဲ့ဟာကို ၂ဝဝ၆ မှာ ပြန်စနိုင်ပါတယ်။ ၂ဝဝ၈ မှာပြီးလို့ လူထုဆန္ဒခံယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာတယ်။”

သူပြောတာတွေကို မျက်နှာချင်းဆိုင် (ဒီဘိတ်) ဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာမှာ အပြန်အလှန်ဖြစ်ဖြစ်၊ အချိန်ပေးနိုင်တဲ့ တီဗွီ-ရေဒီယိုကနေ အပြန်အလှန်ဖြစ်ဖြစ် ယှဉ်ပြောချင်တယ်။ အဲလိုအနေအထားမဟုတ်တဲ့ နေရာတွေမှာတော့ ပြန်ပြောနေလဲ အချည်းအနှီးသာဖြစ်မယ်။ အာဏာပိုင်ကတော့ ဒိုင်မဖြစ်ရပါ။

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး