ANC 2015 ၂ဝ၁၅ ဖွါး သားကောင်းရတနာ

• ပြောပြောနေကြရတဲ့ ၂ဝ၁၅ ရောက်ပါပြီဗျား။
• ၉ လလွန် ၁ဝ လဖွါး၊ လိုချင်တာရမလားတော့ ပြောမရသေးပါ။ အင်္ဂါစုံ-မစုံဆိုတာ ကြိုမတွေးကောင်းပါ။
• မိစစ်-ဖစစ်ဆိုတာကို ဆိုင်းဘုတ်တွေမှာ ရေးထားရတာမျိုးမဟုတ်ပါ။
• ကိုယ်ဝန်ကို (လူထုလက်) အပ်ပါ။ မှန်မှန်ပြသနေပါ။
• ဆရာဝန်ညွှန်တဲ့အားဆေးလဲသောက်ပါ။ သံဓါတ်ဆိုတာ ကြေးနီထက်မာကြောတယ်။
• ကာကွယ်ဆေးတွေလဲ မှန်မှန်ထိုးပါ။ မြန်မာလူမျိုးတွေက တော်တော့ရောဂါတွေကို ခံနိုင်ရည်ရှိကြတယ်။
• အစာအဟာရ မျှတလုံလောက်အောင် စားသုံးပါ။ ပြည်တွင်းအစားအစာထက် ပိုကောင်းတာမရှိပါ။ တရုပ်စာ၊ ကုလားစာ၊ ထိုင်းစာတွေနဲ့ မသင့်ပါ။
• ၂ဝ၁၅ ဖွါးမဲ့ ရင်သွေးရတနာ ရိုးရိုးမွေးလို့ရပါစေ။ ခွဲမွေးပေးနိုင်တဲ့ဆရာဝန်တွေလဲ အများကြီးရှိပါတယ်။ မလိုအပ်ပဲ ခွဲမွေးတာတော့ အားမပေးပါ။
• ဆရာဝန်နဲ့ လက်သည်ချည်းလဲ အားမကိုးပါနဲ့။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး