ယရစ်ရမှာ ပျင်းနေကြသလား

ဟိုတနေ့က ‘ပြီး’ ကို ‘ပီး’ လို့ရေးတာ မမှန်ကြောင်းရေးလိုက်ပါတယ်။ အခု ‘ပီ’ လို့ရေးတာမှားတယ်၊ ‘ပြီ’ လို့သာရေးရမယ်လို့ ထပ်ပြောပါရစေ။ “စည်းရုံးရေးဆင်းပါပီ” လို့ရေးထားတာ ဖတ်ရလို့ပါ။

(ပီ)
ပီအောင်ဆို
ပီနံသီး
ပီသ
ပီပြင်
ပီလားကောင်
ပီလောပီနံပင်
ပီလောပင်
ခွေးကလေးပါပီ

(ပြီ)
လာပါပြီ
ပြီးပါပြီ
ပြီတီတီ
ချစ်မိနေပြီ
သေပြီ
ပြန်လာပြီ
စားပြီးပြီ
အဆင်သင့်ဖြစ်ပြီ

“သီချင်းကို ပီပီသသသီဆိုလို့ပြီးပါပြီ”။ ရေးတော့အမှန် ဖတ်တော့အသံဆိုသလို (ဘီ၊ ဗြီ) လို့ဖတ်နိုင်ပါတယ်။ (ပီ) လို့တော့ ရေးတာရော ဖတ်တာပါ မမှန်ပါ။

(ချင်)
• စားချင်
• ချင်ချင်မြည်
• ချင်ခြင်းဖြစ်
• ဖြစ်ချင်တိုင်း
• ချင်ရွေးပင်
• လိုချင်
• သွားချင်လာချင်
• အိပ်ချင်မူးတူး

(ခြင်)
• စပါးခြင်
• ခြင်ကောင်
• ခြင်ခံတန်း
• ခြင်ဆီ
• ခြင်ညှပ်
• ခြင်ထောင်
• ခြင်ပိတ်တန်း
• ခြင်ပုန်း
• ခြင်ယပ်
• ခြင်္သေ့
• ခြသေ့င်္လည်ပြန်
• ခွက်ခြင်ရောင်း
• ဆင်ခြင်တုံတရား
• အကြောအခြင်
• အခြင်ရနယ်
• အိမ်မိုးခြင်တင်

(ပဲ)
• လူပဲ
• ဖတ်ရုံပဲ
• ပဲကတ္တီပါ
• ပဲကပ်ကြော်
• ပဲကျား
• ပဲကြီး
• ပဲခူးတိုင်း
• ပဲခွပ်
• ပဲငါးပိ
• ပဲငံပြာရည်
• ပဲစင်းငုံ
• ပဲစောင်းလျား
• ပဲစုန်းပြူး
• ပဲစိမ်းစားဥ
• ပဲဆန်
• ပဲဆုပ်မုန့်
• ပဲတီချဉ်
• ပဲတင်းပဲကျေ
• ပဲတောင့်ပြုတ်ငှက်
• ပဲထွေးငှက်
• ပဲဒလက်
• ပဲနပြား
• ပဲနံ့သာ
• ပဲပိစပ်
• ပဲပုစွန်
• ပဲပုပ်
• ပဲယဉ်း
• ပဲယွံ
• ပဲလေးညှင်း
• ပဲလိပ်
• ပဲလွမ်း
• ပဲသီတာနာ

(ဘဲ)
• မလုပ်ဘဲ
• မကိုင်ဘဲ
• ဘဲဥ၊ ဘဲကင်
• ဘဲကျားရိုက် (ပိန်းကျားရိုက်)
• ဘဲစာမြက်
• ဘဲစားဘဲချေ
• ဘဲတောင် (ဗိသုကာသုံး)
• ဘဲတောင် (ရက်ကန်းသုံး)
• ဘဲမြီးဆံတောက်

ဒေါက်တာတင့်ဆွေ
၂ဝ-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး