Bullets for votes ၂ဝ၁၅ အတွက် မဲကို ကျည်ဆံနဲ့လဲနေပြီ

ဆရာ နေကောင်းလား။ လက်ပတောင်းသတင်းကို ကွန်မန့်ပေးပါလား။

• အစိုးရမှာ တာဝန်ရှိတယ်။
• (အီးယူ) က သင်တန်းပေးနေတဲ့ ရဲတပ်ဖွဲ့ဟာ ထူးခြားကောင်းလာတယ်လို့ မပြောနိုင်ပါ။ ရေဒီယိုအင်တာဗျူးမှာ ပြောသွားကြတာတွေက အပြောကတော့ အားလုံးချောနေတာပဲ။ တကယ်ရှိတဲ့ ရဲတပ်ဖွဲ့အခြေအနေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်။ RFA မှာ (ရဲ + ရှေ့နေ + မီဒီယာ) ၃ ဦးနဲ့ ဆွေးနွေးဘူးတယ်။ ပွင့်လင်းလာမယ်တဲ့။ နေ့ခင်းမြင်မြင်ထင်ထင် နှိမ်နင်းမယ်လို့ ဆိုလိုတာကိုး။

• လက်ပတောင်းအတွက် လူတွေထပ်သေရစရာရှိတယ်။ ထိခိုက်ဒဏ်ရာတွေရကြအုံးမယ်။
• ကနေ့လူထုက အရင်ကထက် အမြင်နဲ့ သတ္တိပိုရှိလာတယ်။ အစိုးရကတော့ အရင်ကတထက် ရက်စက်လာတယ်။
• ၂ဝ၁၅ မတိုင်ခင် အဲလို လူထုကို သတ်ပစ်တဲ့အထိ ခြိမ်းခြောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။
• လက်ပတောင်းကြည့်တာနဲ့ ကနေ့မြန်မာပြည်အခြေအနေကို သိစေနိုင်တယ်။ (တရုပ် + ဦးပိုင်) ဖက်ကိုသာ အစိုးရကလိုက်ပြီး လူထုကိုတော့ မီးလောင်ဗုံးနဲ့ ကျည်ဆံနဲ့သာပေးတယ်။

• ချင်းတွင်းမြစ်အနောက်ဖက်ဒေသမှာ ရှင်ပြုပေးတဲ့ဆွဲဆောင်နည်းနဲ့ ရွာသူရွာသားတွေကို သေနတ်နဲ့ပစ်တဲ့ ခြိမ်းခြောက်မှုမျိုး အတူတွဲဖြစ်နေတာဟာ ၂ဝ၁၅ အတွက် ပြည်ခိုင်ဖြိုးဗျူဟာဖြစ်တယ်။ ချင်းတွင်းသည် ၂ဝ၁၅ အတွက်ဆုံချက်ဖြစ်၏။
• ကျည်ဆံသုံးတပ်ဖွဲ့တွေ အမြင်မှန်ရပါစေ။ မီးလောင်ဗုံးအစိုးရ ၂ဝ၁၅ မှာ မရှုမလှရှုံးပါစေ။
• ဒေါ်ခင်ဝင်း ကောင်းရာသုဂတိလားပါစေ။     ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၄

Lepadaung Scenario

• Bombs and Bullets
• From Black to Red
• Smack USPD

• Irrawaddy blocked
• Chindwin hot
• Not to vote for USPD
• The way to People’s Victory

Dr. Tint Swe
22-12-2014

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး