Critics ဝေဖန်ခြင်း

ဆရာသာ အစိုးရဆို ဘယ်လိုလုပ်မလဲ စိတ်ဝင်စားတယ်။ အမေစုတောင် မျက်ရည်ကျ လက်မှိုင်ချ ဆက်လုပ်သင့်တဲ့ လုပ်ငန်း ပြောထားတာကို အစိုးရမကောင်းဘဲ စွတ်ပြောနေတယ်။ ကျွန်တော်တို့ မသိတဲ့ တခုခုတော့ လွဲနေပြီ။ ထစ်ခနဲရှိ အစိုးရမကောင်းကြောင်းပြောနေတဲ့ အစွန်းရောက် အတွေးတွေ လျော့သင့်ပြီ။

• ဟုတ်။ ကျွန်တော်က အစိုးရမကောင်း အစိုးရ၊ လွှတ်တော်ကလိုရင် လွှတ်တော်၊ ကော်မရှင်မဟုတ်တာကို ကော်မရှင်၊ ပါတီတွေဆိုလဲ ပါတီတွေ၊ NLD လဲပါတယ်။ ထောက်ပြစရာရှိတာကို ရေးနေ ပြောနေပါတယ်။
• အစိုးရလုပ်ရတာနဲ့ အစိုးရမဟုတ်သူတွေ နိုင်ငံရေးလုပ်ကြရတာ မတူပါ။ ကျွန်တော်က အစိုးရလုပ်ရမဲ့ နိုင်ငံခြားရေး ပေါ်လစီလိုတာလဲ မနေ့ကတောင်ရေးလိုက်သေး။
• ဘယ်တိုင်းပြည်မှာမဆို (အမေရိကန်၊ ယူကေ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ) မီဒီယာတွေကတဆင့် နေ့တိုင်းလိုလို ထောက်ပြနေကြတာပါ။ လမ်းပေါ်လဲ တက်တဲ့အခါ တက်ကြပါတယ်။
• ကျွန်တော် ထောက်ခံမဲ့အစိုးရတက်လာလဲ ထောက်ပြတာခံရမှာကို သိပါတယ်။ ထောက်ပြလို့မရတာကို ဒီမိုကရေစီ ကင်းမဲ့တယ်လို့ ပြောကြပါတယ်။
• ထောက်ပြတာကို စိတ်မဆိုးပဲပြုပြင်တဲ့၊ ထောက်ပြသူ အော်သူတွေကို ဖမ်းဆီးတရားစွဲတာတွေမလုပ်ပဲပြင်တဲ့ အစိုးရကို လက်ခံပါမယ်။
• Extremist အစွန်းရောက်ဆိုတာက တမျိုးဖြစ်ပါတယ်။ လူ့စိတ်ဆိုတာ တယောက်နဲ့တယောက်မတူပါ။ ကျွန်တော်က ကျွန်တော့်ဟန်နဲ့ ရေးတယ်။ ပြောတယ်။ တချို့က ကျွန်တော့်ထက် အသံကျယ်မယ်။ စကားလုံးတွေ ကြမ်းချင်ကြမ်းမယ်။ အဲလိုမတူတာတွေ စုဝေးနေတာကို လူထုလို့ခေါ်တယ်။ ကျွန်တော်လို လူမျိုးချည်းဆိုတာက လူထုမဟုတ်ပါ။ အဲဒီအထဲမှာ အစိုးရလုပ်နေသူတွေလဲပါရတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး