Father Burma

• အခုပဲ မုံရွာနဲ့ (ချတ်) လုပ်ရတယ်။ နိုင်ငံရေးမိတ်ဆွေ ဆရာဝန်မတဦး မျက်စိခွဲရတဲ့သတင်း ထပ်သိရတယ်။ ဒေါ်မြမြအေးရဲ့ မိတ်ဆွေပေါ့။ ကျွန်တော် တိုင်းပြည်ကထွက်ရတော့ မုံရွာမှာ အမျိုးသမီးတွေက သူ့ဆီကိုလာပြီး အားပေးကူညီကြတယ်။ အဲဒီ အမျိုးသမီးတွေထဲကတယောက် အရေးပေါ်မျက်စိခွဲရတယ်။
• မုံရွာမှာ ဗိုလ်ချုပ်နှစ်တရာအတွက် လှုတ်ရှားနေကြတဲ့ NLD စည်းရုံးရေးမှူး အမျိုးသမီးတွေကလဲ ကျွန်တော်တို့ နှစ်ယောက်ကို သတိရကြကြောင်းစကားပါးတာကိုလဲ ညီတော်မောင်ကတဆင့် ချတ် ကနေပြာပါသေးတယ်။
• သတင်းပို့ပေးသူတွေကို ဒီလိုရေးပါတယ်။
• အန်တီအေးက ဖုန်းဆက်ဘို့ ဖုန်းကပ်အဝယ်ခိုင်းနေတာ။ ဒီမှာက ဖုန်းကပ်နဲ့ဆက်မှရတယ်။ မြန်မာပြည်ကို ဖုန်းဆက်ရတာ ဈေးအကြီးဆုံး။ ၁၄ မိနစ်ကို ၅ ဒေါ်လာတဲ့။ ဒေလီကိုဆက်ရင် ၂ ဒေါ်လာကပ်က မိနစ် ၃ဝဝ ပြောနိုင်တယ်။ ဖုန်းကပ်နာမည်က Mother India တဲ့။
• ညီတော်မောင်က ဆက်ရေးဘို့ကြိုးနေတယ့့် “လိုင်းမကောင်းဘူးဗျ” တဲ့။
• Father Burma ကွယ်လွန်သွားတာ နှစ် ၁ဝဝ ရှိသွားပြီ။ Father Burma card သုံးနိုင်အောင်ကြိုးစားကြစို့။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး