First Aid Sharing on Anroid App ကျန်းမာရေးစာတွေ ထပ်ဆင့်မျှဝေ

• မင်္ဂလာပါ ဆရာ။ ကျွန်တော့်နာမည် ဒေါက်တာ့ ပါ။့ ခုနှစ်မှာ မန္တလေးဆေး တက္ကသိုလ်က ကျောင်းပြီးပါတယ်။ ဆရာ့ဆီကို အရင်တစ်ခါက ဆက်သွယ်ခွင့်တောင်းဖူးပါတယ်။ Android application တစ်ခုလုပ်တာ ဆရာ့ first aid article လေးတွေ ယူသုံးချင်ပါတယ် ဆိုပြီးတော့။ အဲဒီ application ထုတ်ဝေပြီးတော့ အခု google play မှာလည်း download 10000 ကျော်သွားပါပြီခင်ဗျာ။ Version အသစ် လုပ်ချင်လို့ ဆရာရေးတဲ့ အခြားအကြောင်းအရာတွေကိုကော link နဲ့ ထည့်သွင်း ဖော်ပြချင်လို့ပါ။ ထပ်မံခွင့်တောင်းတာပါဆရာ။ နောက်ပြီးတော့ အမေးအဖြေအတွက်လည်း ဆရာ့ email ကိုထည့်သွင်း ပေးလို့ရမလားသိချင်ပါတယ်။ အခုလို ဆေးပညာ knowledge တွေ အများကြီးလည်း ရေးနိုင်၊ ဆေးလည်း ကုနိုင်တဲ့ ဆရာ့ကို အရမ်းလေးစားပါတယ်။

• ဟုတ်ပြီဗျာ။ ကောင်းပါတယ် ဆရာရေ။ အများအကျိုးရှိစေတာကို အဲလိုဘဲ ဝိုင်းလုပ်ကြရမှာဘဲ။ လုပ်ထားတာကိုလဲ ဆရာ့ ဖေ့စ်ဘွတ် ကွန်မင့်မှာဖြစ်ဖြစ် Link ပြောပြပေးပါလား။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများထဲက စာတွေကလွဲရင် အဆင်သင့်သလိုသာ သုံးပါ။

• ဆရာ ဒေါက်တာတင့်ဆွေခင်ဗျာ
ကျွန်တော် ပြုလုပ်ပြီးသွားရင် ဆရာ့ page မှာ လာတင်ပေးပါမယ်ခင်ဗျာ။ သင်္ကြန် မတိုင်ခင်လောက်ပြီးမယ် မျှော်လင့်မိပါတယ်။ အစက sex education အကြောင်းကို သက်သက်ခွဲထည့်ထားမလို့ လုပ်ပေမယ့် အခု ဖယ်ထားလိုက်ပါမယ်။ ဆရာ့ဆီက ယူသုံးတာတွေတိုင်းမှာ အောက်က အမည်နဲ့ဖော်ပြပေးပါမယ်။ အချို့ အရာတွေကျတော့ တိုက်ရိုက်မယူပဲ အခြား reference တွေနဲ့ တိုက်ပြီး ပြင်ထားတာတွေ ရှိပါသေးတယ်ဆရာ။ အဲဒီလို ပြင်ခွင့်ရှိမရှိလည်း သိပါရစေ။

• ဟုတ်ကဲဆရာ
ပိုကောင်းကောင်ပြင်တာကို သဘောတူပါတယ်။ ဆရာလဲ အရင်ရေးထားတာတွေကို အချိန်ရတိုင်းပြန်ပြင်နေတာပါ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများထဲက အများအတွက်အသုံးကျမှာတွေ အများကြီးပါတယ်။ ကိုယ်ဝန်နဲ့ ဆိုင်တာတွေ၊ ဘီပိုး၊ စီပိုး၊ HIV နဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေ၊ ကလေးမရသေးတာတွေ၊ ရာသီနဲ့ဆိုင်တာတွေ အများကြီး။ အများကို အလွယ်တကူဖတ်စေချင်ပါတယ်။ ဒါကြောင့် စာတွေကို ရွေးပြီး ဆရာ့ အပလီကေးရှင်းကနေ ဖြန့်ဘို့ လုပ်တာပေါ့ဗျာ။

https://play.google.com/store/apps/details?id=com.nckk.healthguide 

ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး