Formalin အပုပ်အသိုးခံဆေးရည်

• ရွှေအလင်းတန့်း့ ထမင်းကြမ်းခဲသာပါတဲ့နေ့လည်စာ၊ မြေမှာလဲပတ်ကြားအက်၊ ထန်းလက်အမိုးနဲ့ အကာမလုံတဲ့ စာသင်ကျောင်းပုံတွေ စုဆောင်းလို့မကုန်ဖြစ်နေကြထင်တယ်။
• အမယ်စုံဟင်းလျှာနဲ့ ညစာစားပွဲကြီးတွေ၊ ငွေရောင်အနားသတ်နဲ့ စုလစ်မွန်းချွန်တွေဝေနေတဲ့ အဆောက်အအုံတွေဆီတော့ ခြေလှမ်းကမမှီကြဘူးထင်ပ။
• ကျောင်းဝတ်စုံမှ မစုံတဲ့ကလေးတွေသာမြင်ပြီး၊ ကြိုးကြီးချိတ်ရောင်စုံနဲ့ မောင့်ကျက်သရေပုံတွေကိုတော့ သွားရည်မကျကြဘူးထင်ရ။
• ခင်ဗျားတို့က ဆရစ်ဝိုင်းလေးတွေများ ရှားပါးယဉ်ကျေးမှုလို့ မှတ်တမ်းပြုနေသေး။ ဆေးရောင်စုံမီးဆလိုက်နဲ့ (ဒင်းမ်လိုက်) အောက်မှာ ပေါက်ကာစ အမ-အဖိုတွေက ပေါလှဆို။
• စက်ဘီးအို၊ ဆိုင်ကယ်စုတ်နဲ့သာတန်တဲ့သူတွေဟာ ဘယ်မှာလာ ဆယ်လမ်းသွားလမ်းမကြီး စီးခွင့်ရမလဲဗျ။
• တောမှာက မပြောင်းသေးဘူးလို့ပြောနေကြ။ တောသဘာဝကို ထိန်းသိမ်းတားတာကိုက ချီးကျူးရမှာ။
• ကျွန်တော်တော့ဗျာ အဲလိုရှားတာတွေကို မပျက်စီးစေချင်လို့ (ဖေါ်မလင်) ပို့ပေးရမလား စဉ်းစားနေတယ်ဗျ။

Formalin (ဖေါ်မလင်) ဆိုတာ Formaldehyde (CH2O) ကိုရောထားတဲ့ဆေးရည်ဖြစ်တယ်။ နေရာအတော်များများမှာ သုံးတယ်။ ဆေးကျောင်းတွေမှာ လူသေအလောင်းတွေ၊ အင်္ဂါအစိတ်အပိုင်းနမူနာတွေကို မပုပ်အောင် ဆေးစိမ်တာမှာ သုံးတယ်။ Disinfectant ပိုးသေဆေးအနေနဲ့လဲ အပျော့စားကိုသုံးနိုင်တယ်။

(အညာကျေးလက်တောရွာတွေမှာ တတ်နိုင်တာလေးတွေ လိုက်အကူအညီပေးနေကြတဲ့ မုံရွာက ရွှေအလင်းတန်း အဖွဲ့သူ အဖွဲ့သားများသို့)

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄
Photo sent by Aung Kyaw Tint

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး