HIV is evolving နှေးလာနေပြီ

• University of Oxford ကနေလုပ်တဲ့ ဆေးသုတေသနအရ HIV ဗိုင်းရပ်စ်ဟာ အရင်ကထက် ကူးစက်မှုနဲ့ သေစေနိုင်စွမ်း နည်းလာတယ်လို့ သိလာရပါတယ်။
• HIV ပိုးဝင်ပြီးနောက် AIDS ရောဂါအစုအဝေးဖြစ်လာဘို့ရာ အချိန်ပိုယူတာမို့ ကပ်ရောဂါကြီးဖြစ်လာဘို့အတွက် အချိန်ကြာတဲ့သဘောပါ။
• တချိန်မှာ လူတွေကိုအန္တရာယ်ပေးနိုင်တဲ့အဆင့်ကနေ လျှောကျကောင်းကျမယ်လို့လဲ မှန်းရပါသေးတယ်။
• ကနေ့ တကမ္ဘာလုံးမှာ HIV ပိုးကူးစက်ခံထားရသူပေါင်း ၃၅ သန်းရှိနေပါပြီ။
• ဒီဆေးသုတေသနကို ဘော့တ်ဆွာနာနဲ့ တောင်အာဖရိကမှာလုပ်ခဲ့တာဖြစ်ပါတယ်။ ပါမေက္ခ Goulder ကနေ ဒီဗိုင်းရပ်စ်ဟာ မျိုးတူပွါးဖြစ်စဉ်အတွက် ၁ဝ% နည်းလာတယ်လို့ဆိုပါတယ်။
• ဆက်ပြောသေးတာက HIV ပိုး ဝင်ထားရာကနေ AIDS ရောဂါဖြစ်လာဘို့ ၁ဝ နှစ်ကြာမယ်လို့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုံးက ထင်ထားခဲ့ပါတယ်တဲ့။ အခုတွေ့ရှိချက်အရဆိုရင် ၁၂့၅ နှစ်ကြာပါလိမ့်မယ်။
• HIV ပိုးဟာ မူလတုံးက အက်ပ်၊ ချင်ပန်ဇီ နဲ့ မျောက်တွေကနေ လူတွေဆီကူးစက်လာခဲ့တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး