Hydrochlorothiazide ဆီးသွားဆေး

ခု ဘုန်းဘုန်းစားနေတာက APO-HYDRO 25MG (HYDROCHLOCROTHIAZIDE) ဖြစ်ပါတယ်။ စားနေရတာက ၄ နှစ်လောက်ရှိပါပြီ။ ဒီနှစ်လည်ပိုင်းလောက်ကတော့ မိသားစုဆရာဝန်က သူ့ ထက်ပြင်းတဲ့ဆေးပေးလို့ ခြေထောက်တွေ ယောင်လာပါတယ်၊ ဒါနဲ့ ခု စားနေကျဆေးကို ပြန်ပေးပါတယ်။ ဒေါက်တာပြောသလို ပါးတွေမှာ မှဲ့တွေလို အကွက်တွေတော့ ပေါ်လာပါတယ်။ ကျေးဇူးတင်ပါတယ်ဒေါက်တာ။

တချို့က ဆီးဆေးလို့ခေါ်တယ်။ မှားပါတယ်။ ဆီးအတင်းသွားအောင်လုပ်ပေးတဲ့ဆေးဖြစ်တယ်။ အင်္ဂလိပ်တွေက Water pill လို့ခေါ်တာက မှန်တယ်။ ဆီးကို ရေလို့တင်စားတဲ့သဘော။ ဆီးဆေးလို့ပြောတာကို ဆီးအောင့်ရင် သောက်ကြတယ်။ ပိုဆိုးစေပါတယ်။ ဆီးသွားဆေးဆိုတာကို Hypertension သွေးတိုးနဲ့ Edema ကိုယ်ရောင်တာ ၂ မျိုးအတွက် ပေးပါတယ်။

Hydrochlorothiazide ဟာ Thiazide diuretic ဆေးအုပ်စုဝင်ဆေးဖြစ်ပါတယ်။ Congestive heart failure နှလုံး အလုပ်မနိုင်လို့ ကိုယ်ရောင်တာအတွက် အဓိကပေးတယ်။ ဒါ့ပြင် Cirrhosis အသည်းခြောက်တာ၊ ကျောက်ကပ်ရောဂါ၊ Steroids စတီရွိုက်ဆေးနဲ့ Estrogen အီစထိုဂျင်ဟော်မုန်းဆေးပေးလို့ ကိုယ်ရောင်တာတွေအတွက်လဲ ပေးပါတယ်။

ဆီးမသွားနိုင်သူတွေကိုမပေးရပါ။ ဥပမာ ဆီးလမ်းပိုးဝင်လို့ ဆီးခဏခဏသွားပြီးသွားစရာနည်းလို့ ဆီးမသွားနိုင်သူကို မပေးရပါ။ ယောက်ျားအသက်ကြီးသူတွေ ဆီးကျိတ်ကြီးလို့ ဆီးမသွားနိုင်တာကိုပေးမိရင် ပိုပြီးဒုက္ခရောက်ပါမယ်။
အသည်းရောဂါတိုင်း ကျောကပ်ရောဂါတိုင်းကိုလဲမပေးရပါ။ မျက်စိရေတိမ်ရှိသူ၊ ပန်းနာရှိသူ၊ ဂေါက်ရှိသူ၊ ဆီးချို ရှိသူတွေကိုလဲ မပေးရပါ။ ဆာလ်ဖါနဲ့ ပင်နယ်စလင်မတည့်သူတွေကိုလဲ မပေးရပါ။ ဒီဆေးသောက်နေသူက အရက်နဲ့ မတည့်ပါ။ ဘေးထွက်ဆိုးကျိုးပိုဆိုးစေတယ်။

FDA pregnancy category B ကိုယ်ဝန်ဆောင် အဆင့် (ဘီ) သတ်မှတ်ထားတယ်။ အဆိုးနဲ့အကောင်းချိန်ပြီး ပေးနိုင်ပါတယ်။ နို့တိုက်နေချိန်မှာ မိခင်နို့ထဲဆေးရောက်နိုင်တယ်။

ဘေးထွက်ဆိုးကျိုးများ = မျက်စိအောင့်၊ မျက်စိကြည့်မကောင်း၊ အာခေါင်ခြောက်၊ ရေငတ်၊ အန်၊ အားယုတ်၊ မူးဝေ၊ ခေါင်းထဲပေါ့၊ ကြွက်သားနာ၊ နှလုံးခုန်မမှန်၊ ဗိုက်အောင့်၊ အစားပျက်၊ ဆီးအရောင်ရင့်၊ အသားဝါ။ အရေပြားအနီကွက်ထွက်။

ဆီးဆေးသောက်သူတိုင်း (ပိုတက်ဆီယမ်) ဓါတ်နည်းကြတယ်။ အဲတာကြောင့် (ပိုတက်ဆီယမ်) ဖြည့်ပေးရမယ်။ ဆီးတွေသွားတဲ့နေ့မှာ အုန်းရည်၊ ရေနွေးကြမ်း သောက်ပါ။

ပိုတက်ဆီယမ်ကြွယ်ဝသည့်အစာများ = ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ နွားနို့၊ အာလူး၊ လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး