Merry Christmas

ကျွန်တော်က ခရစ်ယန်ဘာသာဝင်မဟုတ်ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း အစိတ်အတွင်းမှာ ခရစ်ယန်ဘာသာဝင်တွေ အများစုနဲ့အတူ နေထိုင်ခဲ့ရတယ်။ အခုလိုအချိန်မျိုးဆိုရင် ဒေလီမှာနေတုံးက ကယ်ရိုးလ်အဖွဲ့တွေ ခရစ္ဓမတ်မတိုင်ခင်မှာ ၄-၅ ဖွဲ့ အိမ်ကိုလာ သီချင်းတွေဆိုပြီး သူတို့ဘာသာအရ ဆုတောင်းပေးကြတယ်။

ဒီနှစ်တော့ ခရစ္စမတ်လက်ဆောင်တွေရတယ်။ ပဌမဆုံးက ဗုဒ္ဓဘာသာဝင် မြေးတယောက်ဆီကပါ။ သူ့ကျောင်း ခရစ္ဓမတ်အရောင်းဆိုင်ကနေ ဝယ်လာတာ။ ရတဲ့နေ့က ပုံကိုတင်ထားလိုက်ပါတယ်။ Grandpa # 1 တဲ့။

နောက်တခုက နော်ဝေနိုင်ငံကနေလှမ်းပို့တာ။ ဒေလီက ယမုန်ဆေးခန်းမှာ ဝင်ကူသင်ယူသွားတဲ့ လက်ထောက်ဆရာမ တယောက်ဆီကနေ ပို့လိုက်တာပါ။ သူက နော်ဝေမှာ သူနာပြုဆရာမဖြစ်နေပြီ။ အန်တီအတွက်နဲ့ ကျွန်တော့်အတွက် သူကိုယ်တိုင်ထိုးထားတဲ့ ခေါင်းစွပ်တခုစီ။

ကနေ့ အင်ဒီယာနာပိုးလစ်မှာ နှင်းဖြူဖတ်တွေနည်းနည်းကျနေတယ်။

ဒေလီက အသင်းတော်တွေအတွက်လဲ ဆုတောင်းပေးလိုက်ပါတယ်။

God bless you!

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး