Ms Igarashi was charged with obscenity ဂျပန်အမျိုးသမီးတယောက် မဖွယ်မရာ အနုပညာလုပ်မှုနဲ့ တရားစွဲ

• Magumi Igarashi (မက်ဂူမီ အီဂါရာရှိ) ခေါ် အသက် ၄၂ နှစ်ရှိ ဂျပန်အမျိုးသမီးကနေ သူမရဲ့မိန်းမအင်္ဂါကို 3 D ပုံတွေနဲ့ထုတ်လုပ်ဖြန့်ဝေလို့ မဖွယ်မယာမှုနဲ့ တိုကျိုတရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
• မိန်းမအင်္ဂါနဲ့ အလားတူတဲ့ အနုပညာပစ္စည်းခေါ်တဲ့ အသုံးအဆောင်တွေကတော့ တယောက်တည်းလှော်ရတဲ့ Kayak (ကေးယက်) လှေ၊ စမတ်ဖုန်းအဖုံးရောင်စုံ၊ လက်ဆောင်ပစ္စည်း၊ စတာတွေဖြစ်ပါတယ်။
• ဈေးကွက်မှာ သူမရဲ့နာမည်က Rokudenashi-ko (ရိုကူဒင်နာရှိ-ကို) “မကောင်းတဲ့ မိန်းကလေး” လို့ အဓိပ္ပါယ် ရပါတယ်။
• သူမရဲ့မိန်းမအင်္ဂါအနုပညာလက်ရာတခုကတော့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့နောက်ခံမှာ ရွှေအိုရောင် သူမရဲ့မိန်းမအင်္ဂါပုံ ဖြစ်ပါတယ်။
• ဂျပန်မှာ မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများပါတယ်။ ဒါပေမဲ့ အစိုးရကလဲ မျက်နှာသာပေး၊ ဘာသာရေးဘမ်းပြပြီး လူအုပ်နဲ့လုပ်တဲ့နိုင်ငံရေးမျိုးတော့ မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး