Museum of Menstruation ရာသီပြတိုက်

• အမျိုးသမီးတွေရာသီဆင်းတာနဲ့ဆိုင်တဲ့ အရာပေါင်း ၄ဝဝဝ ကို ပြထားထားခဲ့တယ်။ ပြတိုက်ကို ၁၉၉၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပိတ်လိုက်ပါတယ်။ ဒါပေမဲ့ စုဆောင်းထားတာတွေ ရှိပါသေးတယ်။ ရောက်ခဲ့ဘူးသူတယောက်က ပြန်ရေးတာမှာ အသက် ၅ဝ လူပျိုကြီး Harry Finley (ဟယ်ရီ ဖင်လေး) ဆိုသူက အထက်ထပ်မှာနေပြီး လာမေးသူတွေကို စုဆောင်းထားတာတွေကို ဖွင့်ပြတယ်လို့ ဆိုပါတယ်။
• Lower trunk mannequins အောက်ပိုင်းအဝတ်အစားရုပ်တုတွေထဲမှာ ရာသီလာစဉ်ဝတ်ဆင်တဲ့ အဝတ်အစား အမျိုးမျိုး၊ Tampons ရာသီလာစဉ်သုံးတဲ့ခွက်အမျိုးမျိုး၊ US Army tampon ကနေ Commercial tampons ကနေ့ခေတ် ရောင်းကုန် အထိပြထားတယ်။ ရာသီလာချိန်မှာစားလေ့ရှိတဲ့အစားအသောက်လဲပါတယ်။ PMS Crunch ခေါ်တယ်။ အနုပညာပစည်းတွေ၊ စာသားတွေနဲ့ ပစ္စည်းတွေစုံတယ်။
• ဥရောပကနေလဲ စုဆောင်းထားတယ်။ ပန်းချီတွေလဲပါတယ်။ ၁၈၆၇ တုံးက တီထွင်ထားတဲ့သတ္တု + ဝိုင်ယာ တွေနဲ့လုပ်တဲ့ပစ္စည်းကို မှတ်ပုံတင်ထားသူက အမျိုးသားတဦးဖြစ်တယ်။
• စာတွေထဲမှာ Tampon safety legislation ဥပဒေ၊ Menstrual product safety ထုတ်ကုန်စိတ်ချရမှု၊ History of tampons and menstrual cups ရာသီသုံးပစ္စည်းတွေသမိုင်း၊ Feminine hygiene products အမျိုးသမီး သန့်ရှင်းရေး ထုတ်ကုန်များ၊ ဥပမာ ခါးပတ်၊ ဆေးကြောရည်၊ ဖြန်းဆေး၊ အခုအခံ၊ အတွင်းခံ စတာတွေပါတယ်။ ကုပ္မဏီကြော်ညာတွေ၊ လမ်းညွှန်စာတွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေလဲပါတယ်။
• Menstrual huts ရာသီတဲ ဆိုတာ အမျိုးသမီးတွေရာသီလာချိန်မှာ တခြားလူတွေနဲ့ မရောစေဘဲ သီးခြား နေကြရတဲ့နေအိမ်လေးကို ခေါ်တယ်။
• ရာသီဖြစ်စဉ်နဲ့ဆိုင်တဲ့ အရေးအသား Bibliography of monographs, Essays and Articles တွေလဲပါတယ်။
• သူဟာ Britannica Internet Guide Award, Lycos Top 5% Award, Miningco's Best of the Net Award ဆုတွေရထားသူဖြစ်တယ်။
• ဟယ်ရီက စနစ်တကျစုဆာင်းထားသလို သူ့ပြတိုက်ကိုလာကြည့်သူတွေဟာလဲ ၉၅% ဟာ ပညာတတ်သူတွေလို့ ဆိုပါတယ်။
• ဓါတ်ပုံဟာ Menstrual cup dress ရာသီလာစဉ်ဝတ်ဆင်ရတဲ့အဝတ်အစားတခုပုံဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး