New Year Wishes ဆုတောင်းပေးသူ ဆုတူရပါစေ

• မြန်မာပြည်ကလာတဲ့ တမ်းချင်း၊ ကျွန်တော့်ဆီကပို့တဲ့ လွမ်းချင်း၊
• လူချင်းက မမြင်ဘူးကြပေမဲ့ ရင်ချင်းကအတူတူ၊
• မြူနှင်းထူဆောင်းလ၊ ဖုန်သဲထူနွေလ၊ ချောင်းရေကျမိုးလတွေမှာ၊
• ဝေဒနာသည်တွေကိုကုစား၊ စေတနာမေတ္တာတွေကို ရယူခံစား၊
• ၁၉၉ဝ မှာ ဆန္ဒမဲပြားတွေကို ပေးအပ်ထားတဲ့ နိုင်ငံရေးသမားဆရာဝန်တယောက်၊
• အနောက်ကမ္ဘာ ရောက်ကာနေရတာမို့ တခေါက်တခါ အရောက်သာပြန်လှည့်ပါလို့၊
• တယောက်မကပါ ဖိတ်စာပို့လာကြ၊
• မရိုးမရွနဲ့ ခြေမကြွနိုင်သေးခင်၊
• မေတ္တာရေစင်သာ အရင်ပို့နိုင်သေးရဲ့၊
• ဘေးမခရန်မသီ၊ မြန်ပြည်သားများစုံအညီ၊
• နှစ်သစ်မှာ ကျန်းမာခြင်းချမ်းသာခြင်းတွေနဲ့ တလုံးတဝပြည့်ကြစေချင်သည်။     ။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး