Online culture အွန်လိုင်း ရိုင်းရာမကျသင့်

• တချို့က (ဖေ့စ်ဘွတ်) တို့ (ဘလော့ခ်) တို့ကိုဖတ်ရင် Profile, About, Blogger ဆိုတာကို မကြည့်တတ်ကြဘူး ထင်တယ်။ ကိုယ်ကနေစကားပြောမဲ့သူ၊ လှမ်းပြီးစာရေးမဲ့သူကို အထီး-အမ၊ လူကြီး-လူငယ် လောက်တော့သိထားမှ ဆက်လုပ်သင့်တယ် ထင်ပါတယ်။
• ကျွန်တော့ ‘ဘလော့ခ်’ တွေမှာရော ‘ဖေ့စ်ဘွတ်’ တွေမှာပါ၊ ‘နာမည်အရင်း’၊ ‘ဓါတ်ပုံအစစ်’ သုံးပါတယ်။ ဓါတ်ပုံကလဲ သိပ်ငယ်တုံးကရိုက်တဲ့ပုံမဟုတ်ပါ။ မွေးနေ့ကိုလဲ အတိအကျရေးပါတယ်။
• ကျွန်တော့ကို အမျိုးသမီးဆရာဝန် အထင်ခံရတာ တခါမကရှိတယ်။
• တချို့က ယောက်ျား-မိန်းမ မသိဘဲ ပြီတီတီလာလုပ်သူမျိုးကိုလဲ တွေ့ရတတ်တယ်။
• မရင်းလဲ သယ်ရင်းဆိုပြီးလာပြောတာလဲ ကြုံရတယ်။ ငယ်တုံးကတော့ စကားမပီသူတွေကို ရီချင်မိခဲ့တယ်။
• မေးတာက အချက်အလက်မစုံလို့ ဘာဖြေရမှန်းသမိလို့ထားသူက မိန်းကလေးတွေမေးတာကိုသာဖြေတဲ့ ဘက်လိုက်တဲ့ ယောက်ျားဆရာဝန်လို့ ပြောသူလဲရှိတယ်။
• တချို့ကလဲ ‘မင်္ဂလာပါ’၊ ‘ဟယ်လို’၊ ‘ဟိုင်း’ လုပ်နေတုံးဘဲ။ မေးတာလဲမဟုတ်၊ ပြောချင်တာလဲမဟုတ်။ ကိုယ်ကပြန်မဟိုင်းတော့ ရိုင်းရာကြရော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး